နင်မညာ ခဲ့ဘူးဆိုတာ ငါယုံပါတယ်
ဒါပေမယ့်...........
ငါ့ကိုဘယ်တော့မှ အမှန်ပြောလိမ့်မယ်လို့
ငါမထင်ခဲ့ ဘူး...
နင်မရှုပ်ခဲ့ ဘူးဆိုတာ ငါယုံပါတယ်
ဒါပေမယ့်.......
နင်ဘယ်တော့မှ ရှင်းရှင်းလင်းလင်းမနေခဲ့ဖူးဆိုတာ
ငါမသိခဲ့ဘူး...။
နင်ဟန်မဆောင်တတ်ဘူးဆိုတာ ငါယုံပါတယ်
ဒါပေမယ့်........
ငါဘယ်တော့မှ နင်ဟန်ဆောင်တာကို
မရိပ်မိခဲ့ ဘူး...။
နင့်မှာ ချစ်တတ်တဲ့ စိတ်ရှိတာ ငါယုံပါတယ်
ဒါပေမယ့်....
နင်ချစ်တာကို ငါဘယ်တော့မှ
မရခဲ့ ရပါဘူး......။
နင်တစ်နေ့တော့ လွမ်းခွဲမှာ ငါယုံပါတယ်
ဒါပေမယ့်.......
ငါ့ကို မေ့ခဲ့မယ်လို့တော့
ငါမသိခဲ့ ပါဘူး.....။
နောက်ဆုံး...........................
နင်.................ငါ.....
ငါတကယ်မသိခဲ့ ပါဘူး
နင့်မှာ ငါ့ထက် ချစ်ရတဲ့ လူရှိတာကိုလေ... :)
ိဒီ ကဗျာလေးကောင်းတယ်
ReplyDelete