Tuesday, March 13, 2012

ချစ်သူသိပါစေ..!!

နှလုံးသားရဲ့ ကြယ်တစ်စင်းလင်းတဲ့
. .ကောင်းကင် ယံထက်က
. အနမ်း တစ်ပွင့် ကြွေတဲ့ည..
......အဝေးတစ်နေရာက ပြုစားလိုက်တဲ့
..............ကဝေပျို နတ်သမီးရဲ့...
အရိပ်အယောင်ကို
အိပ်မက်ထဲမှာ ၀ါးတားတားနဲ့ မြင်တွေ့ခဲ့ရတယ်..။

...........အလှမ်းကွာ ဝေးနေတဲ့...
ပန်းတစ်ပွင့် ရဲ့ အနမ်းကို
တမ်းတမ်း တတ နဲ့ လှမ်းမျှော်ချိန်
.....ပျော်ရွှင် ကြည်နူးခြင်းနှင့်
................ကန္တာရမှာ အချစ်မိုးတွေ သည်းလို့
ဂုဏ်ဓနတွေ တွေ့ခဲ့ ရမှ
လှမ်းလို့ မမှီတဲ့
........အလွမ်းယောင် ပန်းလေးတစ်ပွင့် ဆိုတာ
ငါသိခဲ့ရတယ်...............

လမင်းတစ်စင်း တောက်ပဖို့အတွက်
အလင်းရောင်တွေ ပေးနေတဲ့
........ကြယ်တစ်စင်း ရဲ့ ချစ်ခြင်းမေတ္တာတွေလည်း
...............နေ၀င် ချိန်ကို မှန်းမျှော်လို့
နောက်ဆုံးမှာ.......မှေးမှိန်ခဲ့ရတော့
တောင်းဆုတွေ ခြွေ
အလွမ်းတွေ တနင့် တပိုး နဲ့ ကြွေမွခဲ့ရတဲ့
........ဒဏ္ဍာရီ ဟောင်းရဲ့ ပုံပြင်လေးအတိုင်းပဲ
ငါတစ်ယောက်တည်းအထီးကျန်ခဲ့ရတယ်...။
ဒါပေမယ့်လည်း..........!!!
.... ငါ ချစ်ခဲ့တာ လမင်းလေးသိပါစေလို့.......
......................................တောင်းဆုပြုနေခဲ့ပါတယ်..။

2 comments:

  1. ကောင်းပါတယ်

    ReplyDelete
  2. ပါရမီရှင်လေးပဲ...ကဗျာလေးတွေကဖတ်လို့ကောင်းပါတယ်

    ReplyDelete

ဝေဖန်ချက်လေးရေးပေးပါ..