Wednesday, March 28, 2012

တိမ်ပြိုတွေပြိုခဲ့ရင်...

သတိရသေးတယ် ရွှေတိမ်လွှာရယ်.......
..သန်းခေါင်ယံ ည နက်ထဲ
........အဖော် မဲ့ ခဲ့ တဲ့ နင့်အတွက်
..............ငါ ကဗျာလေးတွေ စပ်ရင်း
နင်အပျင်း ပြေဖို့ ဟာသတွေ နှောလို့ ပေါ့.......။

ပြုံးတစ်ခါ ရယ်တစ်လှည့်နဲ့
........ပြီးဆုံး မသွားတဲ့ ပျော်ရွှင် မှု တစ်ခုလိုပဲ
.............တမ်းတမ်း တတ နဲ့ မှန်းဆပြီး
................ငါပျော်ရွှင် မှုတွေ အကုန်
အပြီး ပိုင် နင့်ကိုပေးအပ် ခဲ့တာပါ..။။။။

တစ်ခဏ မှာ တွေ့ခဲ့ပေမယ့်
............တစ်ဘ၀စာ ချစ်တယ်ပြောရင် မှားနေလိမ့်မယ်
ငါက ......နင့်ကို
............နောက်ဘ၀ထိ ချစ်ဖို့ ရည်စူးထားတာပါ...

အလိမ်အညာ တွေ မပြောခဲ့ ဖူးသလို
..........ရင်ခွင် ဗလာ မှာလည်း
................နင့်အတွက်ပဲ နေရာတွေ ချန်လှပ်ထားခဲ့တာပါ
........ဒဏ်ရာ နာကြည်းချက်တွေ ပေးဖို့ မရည်ရွယ်ခဲ့သလို
နင်စိတ်ငြိုငြို မှာကိုလည်း
ငါ.... မလိုလားခဲ့ ပါဘူး..............။

...............အခုတော့.....
........မစ ခင်က ပြီးဆုံးတော့ မယ့် ဇာတ်လမ်း
ငါ့ ၀မ်းနည်း မှတ်တမ်းမှာ ထည့်ရေးလိုက်ပါ့မယ်
................ငါဆိုတဲ့ အမှိုက်တစ်ခုကို
နင့် ဘ၀အတွက် မလိုတော့ဘူးလို့ ပဲ
........................မှတ် ယူလိုက်ပါတော့....

လေနှင် ရာ ပြီးဆုံးတဲ့ ဇာတ်လမ်းမှာ
.............တိမ်တွေ ပြိုသွားခဲ့ ရင်လည်း
.................အသစ် တစ်ဖန် နင့်အတွက်
...................ငါ့ အလွမ်းတွေကို တံတိုင်း လုပ်လို့
ငါကြို လို့ တာစီးခံ လိုက်ပါ့မယ်.

မင်းချစ် တဲ့ သူနဲ့ အတူ ပျော်ရာကိုပဲ
ရွေ့ လျား လိုက်ပါတော့ ရွှေ တိမ်လွှာရယ်

ငါနေရစ်ခဲ့ ပါတော့ မယ်..
..........ငါနေရစ်ခဲ့ ........ပါတော့မယ်.....။

No comments:

Post a Comment

ဝေဖန်ချက်လေးရေးပေးပါ..