Wednesday, March 28, 2012

ရုပ်ကြွင်း တစ်ခု အရှုံးတစ်ခု

မှန်းထားသမျှ ဒဏ်ရာ ရပဲ
.........ခဲလေသမျှလည်း အသည်းကြွေကျလို့....။

ဘယ်တော့ ငါ့ကို ခွဲသွားမလဲ...

...ဘယ်တော့ ငါ့ကို ပစ်သွားမလဲ
........ဘယ်တော့ငါ့ကို မုန်းသွားမလဲ
...............ဘယ်တော့ ငါ့ကို ညာသွားမလဲ
အမြဲ အမြဲ တွေးတိုင်း
ငါ့ရင် ဘတ် တစ်ခြမ်းမှာ
တလှပ်လှပ်နဲ့ ၀မ်းနည်းခဲ့ရတာ
ပြောပြရင်တော့ ဒါဟာ ပုံပြင်လိုလိုပါပဲ.....။

မဆုံးသေးတဲ့ ရင်ခုန်သံတစ်ခွန်းကို
...ဝေးဝေးကနေ ခပ်တိုးတိုး နားထောင်လိုက်ရတယ်
........အနားရောက်မှ မူမမှန်ခဲ့မှန်းသိရတာ
...............အလိမ်အညာတော့ မဟုတ်လောက်ပါ
သူမပြောခဲ့တာ ပါ...။

ရိုးရှင်းလှတဲ့ ဘ၀စစ် တစ်ခုကိုရဖို့
...ပေးဆပ်ခဲ့ရ နှလုံးသား တစ်ကျွန်း
.....ရင်တွင်းဖြစ် သံစဉ်တွေနဲ့ အတူ
ဝမ်းနည်းရတဲ့ ညနက်တွေကို ဖြတ်လို့
သူ့အတွက် အချစ်ချို ချိုတွေပဲ ပေးခဲ့တာပါ....။

မုန်းရင်လည်း မုန်းပါစေ
.......ပြုံးမပြရင်လည်း
သူနဲ့ဆို အမြဲ အရှုံးခံခဲ့တာပါ........
အခုတော့........
ူသူ့စီက ဆုလာတ် တစ်ခု ရခဲ့ပါပြီ
ချဉ်စပ် ...ချဉ်စပ်
........တကယ့်ကို ချဉ်ချဉ် စပ်စပ်လေး စားခဲ့ရတာ

ဒါပေမယ့် သူကျေနပ်မယ်ဆိုရင်
..ကျတော် ချဉ်စပ်လေးပဲ စားလိုက်ပါတော့မယ်...။

No comments:

Post a Comment

ဝေဖန်ချက်လေးရေးပေးပါ..