Saturday, March 10, 2012

နှုတ်ခမ်းသား အလွမ်း

#..မမြင်နိုင်တဲ့ ကံကြမ္မာက
သင်းပျံ့ နေတဲ့
ပန်းတစ်ပွင်ရဲ့ ပါးကို
လာနမ်း ရှိုက်တဲ့ည
... အိပ်မော ကျနေတဲ့
နှလုံးသား ရင်ခွင်တံခါးကိုခေါက်ပြီး
မာန်နတ်မင်းသမီးရဲ့
အသည်းကြွေဆေးကို
ခွင့်ကျွေးလိုက်တာ
.....အလွမ်းဟာ
မိတ်ဆွေဖွဲ့ဖို့ အလည်ရောက်လာခဲ့တယ်.....

#..အသက်နဲ့အမျှ ချစ်ရတဲ့
သန်းခေါင်ယံ လမင်းဖြူရဲ့ အရိပ်
သိပ်ဖြစ်ချင်လှတယ်ဆိုပေမယ့်
မညီမျှခြင်းရဲ့ တစ်ဖက်မှာ
အချစ်ရဲ့ ကိန်းဂဏန်းတွေ သိပ်များနေတော့
လိုက်လို့ မမှီတဲ့
ဟိုး........မိုးကုပ်စ၀ိုင်းခြမ်းဆီက
နှလုံးသား ကို ပျက်ရယ်ပြုဖို့
လက်ယပ် ခေါ်နေလေရဲ့...........။

#..ပန်းတစ်ပွင်. ဆောင်
အလွမ်းရောင် ခပ်သင်းသင်းနဲ့
အက်ကြောင်းထ အလွမ်းဆက်တွေ
အဖျားတက်တဲ့ ညချမ်းမှာ
နှုတ်ခမ်းပါ တစ်စုံရဲ့ အနမ်းကို
ကမ်းလှမ်းယူလိုက်သလိုပဲ
မင်းအကြောင်းကို စဉ်းစားရင်း
ညဥ့်လည်း နက်ခဲ့ ရပါပြီချစ်သူ..။

#..မင်းလှည့်စားလိုက်တ့
ဂမ္ဘီရ ဆေးစုပ်ချက်တွေအောက်မှာ
ငါ့အလွမ်းတွေ အမောဖောက်လာလို့
နောက်တစ်ခါ ငါ့ကိုတွေ့ရင်
လမ်းခွဲမယ် မပြောပါနဲ့တော့
ကြိုမသိနိုင်တဲ့ ကံကြမ္မာရဲ့
ပြောင်းလဲမှုအောက်မှာ
လွင့်ကျသွားတဲ့ အလွမ်းတွေကို
လိုက်ကောက်ရင်း
ငါ့အချစ်လည်း မင်းနဲ့တွေ့မှ
နေ့စေ့လစေ့ မွေးဖွားခဲ့တယ်ဆိုတာ
ယုံလိုက်ပါတော့ ချစ်သူရယ်......။

No comments:

Post a Comment

ဝေဖန်ချက်လေးရေးပေးပါ..