သိပ်ချစ်ရတဲ့ မိန်း.....မပျိုရေ
........အသက်နဲ့ အမျှ ချစ်ရတဲ့ ဗာရာမင်းလည်ဆွဲ
................မင်းဖြစ်ချင်တယ်ပြော တုန်းက ငါငြင်းဆန်ခဲ့လို့လား
အခုတော့ ပြီးဆုံးသွားပါပြီ
...အသည်းကွဲ လေရိုင်းတွေနဲ့
............ပင်လယ်ရေ လှိုင်းတွေ ကြားမှာ
ငါ့ ဘ၀ကို ခရီး နှင်ခဲ့ ပြီ....။
ယုံကြည်ပါ ဆံပင်လေး သပ်တင်လို့
...ဖြတ်ကနဲ ကြည့်လိုက်တဲ့ မျက်ဝန်းတချို့
......ငါ့ နှလုံးသား ကို ဘာသာမဲ့ ရိုက်ခတ်လာခဲ့တယ်။
ပင့် သက် ရှု ရှိုက် နဲ့
.....ဂမ္ဘီရ နုတ်ခမ်းသား ထက်က
.........ထွက်လာတဲ့ စကားလုံးပါးပါးတွေဟာ
ရင်ခုန် သံ ဈေးကွက်မှာ ရောင်းအားတွေ ကျနေလို့
ငါ လက်မခံပါရ စေနဲ့ တော့
..................မိန်း.............မပျို..။
ကင်မရာတွေ လို တလက်လက်နဲ့
......လှုပ် ရှားနေတဲ့ မင်းနှလုံးသား ရဲ့
...............မွေ့ ယာ ခင်း အိပ်ယာ ပေါ်မှာ
....................ငါ ပုံပြင် တစ်ပုဒ် နားထောင်ရင်း
ဖြစ်နိုင်မယ် ဆိုရင် ဟား တိုက်လို့ ရယ်မောရင်း
အိပ် ချင်ပါသေးတယ် မိန်း.........မပျို..။
မာယာ အပြုံး တစ်ချို့ နဲ့
......လူစည်ကားတဲ့ ပြတိုက် တစ်ခုမှာ
............မူးယစ် ၀ိုင် တစ်ခွက်ကို
စီးကရက် မီးတိုစ နဲ့ တွဲလို့
လူ ဘုံ လယ် မှာ ၀ါးတားတား နဲ့ လျှောက်လှမ်းလာခဲ့တာ
မင်းပါပဲ ......မိန်း..............မပျို...။
ယောက်ျားတစ်ထောင်ကို
လက်ညှိုး တစ်ချောင်းနဲ့ ပြုစားပြီး
....မင်း ဘ၀ ကို အဆိပ် ခွက်မှာ
..........နစ်မျှော တော့ မလို့လား
တမာ ရိပ်မှာ နေပြီး
ပျား ရည်ချို တစ်ခွက် ကိုတော့
မမျှော် မှန်း ပါနဲ့တော့
ဒဏ် ရာတွေကို သာ နောင်မှာ တလို့
ရှိလျက် အဖြစ်ကိုပဲ မင်းစီဆင်းလိုက်ပါတော့
............မိန်း..................မပျိုရယ်...။
ဒီလိုမျိုး မိန်း...မပျိုကိုဝေးဝေးရှောင်နော်
ReplyDeleteဟုတ်ဟုတ်
Delete