♥ရိုးရိုးလေးပါပဲ
ဝမ်းနည်းစရာ
တစ်ခန်းရပ် ပုံပြင်လေးပါ
လမ်းခွဲမယ် ပြောတော့မှ
လွမ်းရတဲ့ မျက်ရည်တွေက
စမ်းတ၀ါးဝါးနဲ့ ထွက်လာတာ
တခမ်းတနား နဲ့ ကြိုဆိုလို့..♥
♥အွန်လိုင်းမှာ အမှတ်တမဲ့တွေ့ခဲ့ပေမယ့်
အမှတ်တမဲ့ ကနေ ထာဝရဖြစ်သွားတဲ့
တစ်ခဏတာ ချစ်သူလေးပါ
ဘ၀ပေးမကောင်းလို့
သူနဲ့အတူ အရောင်လှလှလေးတွေ မခြယ်နိုင်ခဲ့ပေမယ့်
ရင်ထဲမှာတော့ သူအတွက် နေရာအပြည့်ပါပဲ...♥
♥အခုတော့ပြီးဆုံးသွားပါပီ...
လွမ်းရတဲ့ ညတွေကိုရေတွက်ရင်း
အလွမ်းသင့်ခဲ့တဲ့ ငါ့ရဲ့ အချစ်ကို
တိတ်ဆိတ်လှတဲ့ ညတစ်ညမှာ
မှန်းဆလို့ တမ်းတရင်း
လမ်းခွဲ ခဲ့ ရပါပြီ...
ဝမ်းနည်းမိပါတယ်ကောင်မလေးရယ်..♥
♥မင်းနဲ့စတွေ့ ခဲ့တဲ့ အချိန်တွေကို
ပြန်တွေးတိုင်း လည်း
ငါ့ရဲ့ ဘယ်ဘက် ရင်ခွင်တံတိုင်းမှာ
လှိုင်းထန်လို့ အထီးကျန်နေခဲ့ပါပြီ...
မင်းက တော့မသိရှာပေမယ့်
တကယ်ချစ်မိတဲ့ ငါ့မှာတော့
ဖွင့်မပြောဘဲ မနေနိုင်လို့
ယိုင်ထွက်ခဲ့တဲ့ ငါ့နှလုံးသားရဲ့ ဆွံ့အ မှုကို
လှောင်ရယ်ခဲ့တော့လည်း
ဘာလိုလိုနဲ့ အသည်းကွဲခဲ့တဲ့
ညလေးတစ်ညကို ဖြတ်ကျော်ခဲ့ပါပြီ...♥
သြော်...........♥...♥
ရိုးရိုးလေးပဲ ပြီးဆုံးခဲ့ ပါပြီကောင်မလေးရေ...
ကံအခြေ မပေးလို့ ဝေးခဲ့ပေမယ့်
လွမ်းစရာ လေတွေ ငါလွမ်းခဲ့ပြီးလို့
လမ်းမှာတွေ့ရင် နည်းနည်းလေးပဲ ပြုံးပြပေးပါ
ငါချစ်ခဲ့တဲ့ အမှတ်တရ လေးဖြစ်ချင်လို့ပေါ့.....♥..♥
No comments:
Post a Comment
ဝေဖန်ချက်လေးရေးပေးပါ..