Saturday, March 10, 2012

ဘ၀လား..ခဏလား..?

ဘ၀ ဘဝ
အလှ..အလှ..တွေထဲမှာ
နင့်ကို ခဏ ခဏ မေးဖူးပါတယ်
ငါ့ကိုချစ်သေးလားလို့...
... ဒါပေမယ့်......
အမှား အမှားတွေ နဲ့ ရင်ဆိုင်နေရတော့
မင်းသား...မင်းသား ခေါ်ရင်တောင်
နောက်ပြန်လှည့်မကြည့်နိုင်တဲ့
အပေ ...အတေ
ကလေ.. ကချေလေး တစ်ယောက်ပါ
ရိုး ရိုး သားသားနဲ့
ဦးဦးဖျားဖျား အသဲကွဲခဲ့တဲ့
12 နာရီ မကျော် တကျော် ညလေးကို
ပြန်မြင်ယောင်တိုင်း
ဒီရင်ခွင်မှာ ဟောင်လောင်းလောင်းနဲ့
ခေါင်းလောင်းထိုးရသလိုပဲ
ဒူဝေေ၀ နဲ့ မူးဝေနေပီ အချစ်ရယ်..
မူးဝေေ၀ နေတိုင်း
မူးယစ် လုပ်တယ် မထင်ပါနဲ့နော်
မမူးလည်း ရစ်တဲ့ ငါ့ အကျင့်ကို နင်လည်းသိတော့
အခုဖြစ်ဖြစ် အဖြေပေးလိုက်ပါလား
နင်ငါ့ကို ချစ်တယ်ဆိုတာ လူတိုင်းသိအောင်လေ...။

No comments:

Post a Comment

ဝေဖန်ချက်လေးရေးပေးပါ..