Wednesday, March 28, 2012

နိဂုံး

တစ်ခဏ တာ ဖိတ်စင်ခဲ့တာပါ
....ရေကြည် တစ်ပေါက်လို့
..........အစက် အပျောက်တစ်ချို့ နဲ့
................နင့်ဘ၀ရဲ့ လှောင်ချိုင့် ထဲမှာ
......အမှောင်လမ်းကို ရှောင်ရင်း ပုပ်သိုးနေတဲ့
ငါဆိုတဲ့ ဒီလို လမင်းတစ်စင်းကို
နင်မေ့ ပစ်လိုက်ပါတော့........!!

ရနံ့ ခိုးဝေ တွေနဲ့ နင်ယစ်မူးလိုက်တဲ့
.......စကားလုံး တစ်ချို့......
မသို မသိပ်နဲ့ ငါ့ရင်မှာ ပထမ ဦးဆုံး
..........ခရီးသွားခဲ့တာ နင်ပါလို့တော့
ငါဖွင့် မပြောတော့ပါဘူး....

အမှောင်လမ်းကို ထိုးဖောက် ပြီးမှ
..... နင့် စီက ရ လာတဲ့ အလွမ်းတချို့ ကို
အိပ် မပျော်တဲ့ ညမှာ .....ငါ့အတွက်
..................တမ်းတဖို့ ပဲ မှတ်လိုက်ပါ့မယ်...

..........မတူ မတန်တဲ့ နင့်အကြည့်တွေနဲ့
လူမဆန်တဲ့ အသိုင်း အ၀ိုင်းက ........
............စကားလုံးတွေကိုတောင် .....ငါ....
နင့်အတွက် ........သတိမထားခဲ့ဘူး...

နောက်...ဆုံး.......တော့.......
........ကြင်နာ ခြင်း လက်မှတ်တွေနဲ့
....................ငါ့ ဘ၀ ကို တစ်ခဏနာ ခရီးနှင်လို့
.............................နှုတ်ဆက် လက်မပြ ခင်
အချစ်တို့ ရဲ့ စီးဆင်းရာ မြစ်အတိုင်း
နင် အနိုင် နိုင် ပိုင်းဖြတ်ခဲ့တာ...

ဒါ......ပေ.....မယ့်......လည်း .........
နင်ပြောသလိုပါပဲ နင်နဲ့ မဆိုင်ခဲ့ပါဘူးလေ.....!!!

No comments:

Post a Comment

ဝေဖန်ချက်လေးရေးပေးပါ..