Wednesday, March 28, 2012

နင်ပျော်မယ်ဆို..

ပျံ ပါလေတော့ ငှက်ငယ်ရယ်...
ငါရင်ခွင်မှာနင်မပျော်တော့ ဘူးဆို...
နွေ မှာ ကြုံ ဖူး ဥသြ ငှက်ကလေးရဲ့
ချစ်ရူး သံစဉ်လေးတွေ ငါနားဆင်လိုက်ပါ့မယ်...

ရင်ခွင်မှာ ခြေရာ ပျောက်
ဂုဏ် ဓနတွေ အစားထိုးလို့
နင့်ဘ၀ သာယာ ဖို့ အတွက်
ငါ့ အချစ်တွေ လမ်းခင်း ပြီးတော့
ရှေ့ တစ် လှမ်းကိုသာ မှန်းမျှော် လိုက်ပါ....။

ဒဏ်ရာ ဘယ်လောက်ပဲ ရရ
နင့်အတွက်ဆို ...ငါ
နားကြည်း ချက်ဆိုတာ မရှိခဲ့ ပါဘူး...။

အသွားအပြန် မရှိလည်း နေပါ
နင်သာယာနေခဲ့မယ် ဆိုရင်
ကောင်းကင်က လမင်းတစ်စင်း လို
ငါပြုံးပြုံးလေးနဲ့ ကြည့်နေမှာပါ...။

ရင်နာခဲ့ပေမယ့် လည်း
ဝေဒနာတော့ မဖြစ်ပါဘူး
နေမင်းဆိုတာ လမင်းထက်တော့
အလင်းပိုသာ ခဲ့တာ ပဲလေ
နင်ထားခဲ့ တာလည်း
သက်သေခိုင်လုံတဲ့ ပြချက် တစ်ခုပါပဲ

ငါမငြင်း ဆန်ခဲ့ ပါဘူး
ငါ နေခဲ့ မှာ ပါ
ဒါပေမယ့်..............
ငါ့ ဘ၀ ရဲ့ ဒဏ္ဍာရီထဲမှာ
နင်ဆိုတဲ့ ကောင်မလေး တစ်ယောက်
ခရီး သွားနေတယ်ဆိုတာတော့..
.............အမှတ်ရပေးပါဟာ...........။

No comments:

Post a Comment

ဝေဖန်ချက်လေးရေးပေးပါ..