Sunday, March 11, 2012

အနံကြီး ကွင်းကျယ်..


ဘယ်သူပြောလည်း
....ကဗျာရေးရင် အချစ်ကြောင်းပဲရေးရမယ်လို့
ဘယ်သူ ကြားဖူလည်း
... သူတောင်းစားက နိုင်ငံတော်သီချင်းမဆိုကောင်းဘူးလို့
......... ......
ဘောင်မခတ်ပါနဲ့ ကွာ
မင်းရှိနေလို့ ငါတို့ရှိနေတဲ့
ဟောဒီ ဘဲဥပုံ ကမ္ဘာကြီးက
.........မင်းအပေါ်စည်းက ပြောတတ်ဖို့
. လည်ပတ်နေတာ မဟုတ်ဘူး
ငါကာ ရံ နဲ့ ငါရေးနေတာ
. မင်းအဖေတွေ ဖားပီးတော့..
ငါ့ကို စကားလုံး မှိုင်းတွေ ပစ်တော့ မလို့လား
..........ဟဟဟဟဟဟ...
. မုန့်လုံးကို စက္ကူကပ်
ရွှေဖလား ကြာဖလားနဲ့ ဆွမ်းတော်တင်တိုင်း
ကုသို လ် ရမယ်ထင်သလား
ဂျာအေးကို သူ့အမေရိုက်တာ
ဟိုးရှေးခတ်ကစ ပြောင်းလို့မရတဲ့
. စာဆိုတစ်ခုဆို တာ မင်းမသိလို့လား...

ပြာယီးပြာယာ နဲ့ လူလယ်မှာ
ဆရာမကြီး ဆရာကြီးစတိုင်နဲ့လုပ်တော့
ပျား...ပျား တုပ်တာ နည်းနေအုံးမလား
. မရှိတဲ့ အရှက်ကြီးကို တကိုင်ကိုင်နဲ့
ပုဆိုးကြီးနဲ့ ထုပ်ပီး ထပ်မကွဲချင်ရင်တော့
...... ငါ့ ရှေ့ က ဖြတ်မလျှောက်နဲ့......

. ငါမှားတယ်ဆို ပီးလည်း
. လက်ညှိုးလာထိုးရင်တော့
မင်းခုတ်လိုက်တဲ့ သစ်ပင်ကြောင့်
ကျလာတဲ့ အိုဇုန်းလွှာ က အပူဒဏ်တောင်
. နောက်ဆုံး....
. မင်းခေါင်းပေါ် ကို ကျမှာပဲ.....

လိုရင်းတိုရှင်းပဲပြောမယ်ကွာ
ဒါဝမ်းသာစရာ မဟုတ်ဘူး
မှတ်ထားလိုက်.....
. အခု ငါပြောနေတာ မင်းကြားလား
မကြားရင် မင်းနားကန်းနေလို့ပဲ
... သွားတော့ကွာ ရှုပ်တယ် မြောင်းထဲ.....။

No comments:

Post a Comment

ဝေဖန်ချက်လေးရေးပေးပါ..