Wednesday, March 28, 2012

ချစ်သူသို့ မေးပါ..

ကောင်မလေးရေ.........(သို့ ) ချစ်ရသူရေ......
............ပန်းတကာ့ ပန်းမှာ ဘယ်ပန်းကို ကြိုက်လည်းမေးရင်
.................ပန်းတို့သခင် နှင်းဆီကိုပဲ
မင်းကြိုက်တယ်ပြောမှာလား....?

ကောင်မလေးရေ.....
.........ကမ္ဘာကိုတည် လူတွေ အမှီဖွဲ့တဲ့
..........တည်နေရာကို ဘာရွေးမလဲမေးရင်
ရွှေဘုံ အိမ်နန်း ဂုဏ်ဓနတွေ ၀န်းရံထားတဲ့
ဂုဏ်ကြီးရှင် စည်းစိမ်တွေကိုပဲ မင်းရွေးမှာလား...?

ကောင်မလေးရေ.........
........ဆင်းရဲ ချမ်းသာ တူနှစ်ကိုယ် ဘ၀နဲ့
...............တဲအိုစုပ်မှာ ပဲပြုပ်နဲ့ နှစ်ပါးသွားလို့
တစ်နေ့ငါ့ကို စိတ်ကုန်မှာလား....?

ကောင်မလေးရေ.....
.........အရာရာပြည့်စုံ လူဂုဏ်လည်းတင့်
...........ဂုဏ်ကြီးရှင် သူဌေးတွေက
လက်ထပ် နှောင်ဖွဲ့ သံယောဇဉ် တွယ်ချင်တယ်ပြောရင်
လက်ခံမှာလား........ငြင်းပယ်မှာလား........?

ကောင်မလေးရေ......
........အခြေ အနေ ဝေးလို့
..............နှစ်ကိုယ်တူ ဘဝ
ရည်မှန်းထားတဲ့ ခံစားချက်တွေနဲ့ တူ
ငါတို့ နှစ်ဦး ဝေးခဲ့ကြရင်
ငါ့ကိုရော မေ့သွားခဲ့မှာလား....?

ကောင်မလေးရေ......
...............................
.........................
ငါ့ကို ရော ချစ်သေးလား..........?

No comments:

Post a Comment

ဝေဖန်ချက်လေးရေးပေးပါ..