Wednesday, March 28, 2012

ငါ နင့်ကိုချစ်တယ်

လေပြေ က မာနတွေနဲ့တိုက်
.......ရိုက်ခတ် မှုက ခပ်ပြုံးပြုံးနဲ့
...............နှလုံးသားတစ်ခုရဲ့ ပြပွဲက
အချစ်ကို......
ဈေးပေါပေါ နဲ့ လေလံတင်ခဲ့တော့
ဘယ်ဘက် ရင်ခွင် တံတိုင်းမှာ
........ရှုံးနိမ့် ခြင်းက ကြက်ခြေခတ်ပြနေပေမယ့်
ငါနင့်ကို ချစ်တာ သေချာနေပါရဲ့.......။

သမားရိုးကျ တစ်ခုပါပဲ
.......ဘ၀သံသရာ မျက်လှည့်ဆရာရဲ့
..............အသုံးပြုခံ လက်အိတ်တစ်ခုလို
ပထ၀ီမြေကြီးကို သက်သေထားလို့
ငါနင့်ကို ချစ်တဲ့အကြောင်း......
...မိုးကုပ် စက်ဝိုင်း ကြီးကို
..................အကာအကွယ်လုပ်ပီး ပြောလိုက်ချင်ရဲ့.....။

ငိုတဲ့လူက ...ငို
ရယ်တဲ့ လူက...ရယ်လို့
ပေတရာပေါ်က ထွက်လာတဲ့
လောက ဘ၀ရိုက်ခတ်သံ တွေရဲ့
........စူးရှငို ရှိုက်သံတွေနဲ့ အတူ
...........ငါနင့်ကို ချစ်တယ်ဆိုတာ
ထပ်ပြောလိုက်ချင်ပါသေးရဲ့......။

အင်း...ဟုတ်တယ်..!!!
.....................ငါနင့်ကို ချစ်ပါတယ်

No comments:

Post a Comment

ဝေဖန်ချက်လေးရေးပေးပါ..