Saturday, March 10, 2012

နေ့ ရက်များစွာ

လွမ်းတယ်လို့ မပြောတော့ဘူး ချစ်သူရယ်
ဝမ်းနည်းရတာ ငါတစ်ယောက်တည်းဆိုတော့
နင် မသိလည်း နင့်ကိုချစ်တဲ့ ...ငါ
ရှိနေသေးပါလားဆိုတာ ပြောပြမပြတော့ပါဘူး
အထီးကျန်လို့လည်း မဟုတ်ပါဘူးဟာ
ငါ့အချစ်က နင့်အတွက် အမြတ်မရှိရင်တောင်
တစ်ခဏလေးတော့ ပျော်ရွင်ခဲ့ မှာပါ
တစ်ဘ၀စာ ပေးဆပ်ဖို့အတွက်
ငါ့မာန တွေ ခ၀ါချထားပြီးသားပါ
နင် ချစ်နေတဲသစ်ကလေးတွေလောက်
ရင်ခုန်ဖို့ မကောင်းတော့ပေမယ့်
နင့်အတွက်တော့ အရာရာပေးဆပ်ဖို့အသင့်ပါ
ထပ်ပြီးပြောရရင်တော့ ဟာ
ဟိုး....အဝေတစ်နေရာမှာ
နင့်ကို ချစ်တဲ့ ကောင်လေးတစ်ယောက်ရှိနေတယ်ဆိုတာ
...................သတိရပေးပါ......

No comments:

Post a Comment

ဝေဖန်ချက်လေးရေးပေးပါ..