လာကြပြန် ပီလား
အားတော့ နာပါရဲ့ ဗျာ
မချစ်တတ်လို့ မဟုတ်ပါဘူး
အချစ်ဆိုတာ လေးဖက်ထောက်စ အရွယ်ထဲက
ကျုပ် သင်ယူခဲ့တာပါ...
အခု အသက် 17 ကျော်နေပြီလေ
မချစ်တတ်ဘူး ထင်တုန်းပဲလား
ကျုပ် အချစ်ကို မယုံသေးဘူးလား
ဝမ်းနည်းပါတယ်ဗျာ
ပဲ ကုလား ဟင်း မကြိုက်တတ်လို့
ချွဲ ပစ်ပစ် နဲ့ ဒီနေရာမှာ လာမရောင်းပါနဲ့
ကျုပ်ရင်ခွင်မှာ
စည်ပင် ရဲ မရှိ ..
မော်တော် ပီကယ် မရှိပေမယ့်
ဝင်ချင်တိုင်း ၀င်
ထွက်ချင်တိုင်း ထွက်လို့ရတဲ့
မိုတယ် တစ်ခုတော့ မဟုတ်ဘူးဗျာ
ဝတ်စရာမရှိရင်
လျှော် စရာမရှိဘူးဆိုတာ
ကျုပ်ကောင်းကောင်းကြီး သိတာပေါ့
ခရာ မမှုတ်ခင် ပွဲစလို့ မရသလို
ဆရာ မလုပ်ချင်လို့
လက်ပိုက်ကြည့်နေတာ
တုံးတယ် ထင်နေတာ လား
ကျုပ်တတ်တာတွေ ပြလိုက်ရင်
လန့်ဖြတ် သွားမှာစိုးလို့
ခပ်တည်တည် နဲ့ ရယ် နေခဲ့တာပါ
ဝေဿန္တရာလည်း မဖြစ်ချင်ဘူး
မဒီဒေ၀ီလည်း မလိုချင်ဘူး
ကျုပ်လိုနေတာ ခင်ဗျားတစ်ယောက်တည်းပါ
ပွဲလယ်ခေါင် လူများရှေ့မှာ
မတ်တပ် မရပ် ချင်သလို
ဘုရား အထက်က လူကြီးကိုလည်း
ခပ်တည်တည်နဲ့ ပြုံးမပြချင်ဘူး
ဆုံးပါးသွားတဲ့ လွန်ခဲ့တဲ့
နှစ်ပေါင်း သောင်းချီ က
ဂန္တ၀င် အချစ်ဇာတ်လမ်းတွေလည်း
ကျုပ် မဖတ် ဖူးဘူး
အပစ်ရှိရင် ၀ဋ်ကျွတ် ပေးတဲ့
မြတ်စွာဘုရားရှင် ကိုလည်း
ကျုပ် ဖူးမမြင် ခဲ့ ဖူးဘူး
ခင်ဗျား ကို ချစ်တယ်ဆိုတာ လည်း
ကျုပ်မှာ သင်ဆရာမရှိခဲ့ ပါဘူး
ရယ်စရာ ပြောနေတာမဟုတ်ပါဘူးဗျာ
ကျုပ် အပီအပြင် ပြောနေတာပါ
တီးလုံးလည်း မပါဘူး
ဂစ်တာ လည်း မလိုဘူး
သံစဉ် လည်း မရှိဘူး
အခု ခင်ဗျားကို ချစ်တယ်ဆိုတာ
သပ်သပ် လွတ်တွေပဲ ပြောနေတာပါ
မယုံလို့လား
ပုံပြင်တော့ မသတ်မှတ်လိုက်ပါနဲ့ဗျာ
ရင်ခုန်စရာ မကောင်းပေမယ့်
ယုန်ဖင်ထက်တော့ တန်ဖိုးရှိမှာပါ
စဉ်းစား နေတာလားဗျာ
သင်္ချာလည်း မဟုတ်
ဓါတုဗေဒ လည်းမဟုတ်
ရူပ ဗေဒလည်း မဟုတ်
ဒဿနိကလည်း မဟုတ်ဘူးလေ
ချစ်တယ်ဆိုတာ ကို မှားလား မှန်လား ဝေခွဲနေတာလား
အကြွင်း မကျန်ပါစေ နဲ့ကွယ်
ခင်ဗျား အဖြေထိုးဖို့ မေ့ခဲ့ ရင်
ကျုပ် အချစ်က ရလဒ်ကောင်းမှာ မဟုတ်လို့
ခင်ဗျား အသိုင်း အ၀ိုင်းကို မေးကြည့်လိုက်
မစဉ်းစားတာ က
အကောင်းဆုံး အဖြေဆိုတာ ပြောလိမ့်မယ်
မှန်ပါတယ်ဗျာ
ငွေ မရှိတဲ့ ကျုပ်လိုကောင်က
ရွှေ ထီးမှ မိုးမပေးနိုင်တာ
ကျုပ်အချစ်က အဆင့်အတန်းမရှိပါဘူး
အဲဒီအဖြေပဲ ကောင်းပါတယ်
နောက်ဆုံးတော့ မင်းသားဦးကျော်ဟိန်းလိုပဲ
လူသား အားလုံးကို လေးစားတယ်ဗျာ
ခင်ဗျားအသိုင်း အ၀ိုင်းကိုလည်း
လေးစားတယ် ပြောလိုက်ပါ......။
No comments:
Post a Comment
ဝေဖန်ချက်လေးရေးပေးပါ..