အမုန်း ရနံ့ လေပြေ တစ်ချို့ နဲ့
.......ရင်ခွင်ကို ၀င်ရောက်တိုက်ခတ်
............အသည်း ကွဲခြင်းရဲ့ နောက်ဆုံးမှတ်တိုင်တစ်ခု
ချစ်သူ အတွက် လက်ဆောင်ပေးလို့
ပုံပြောကောင်းတဲ့ ညများမှာ
ငါ့ ဒဏ္ဍာရီကတော့ .........
............ရိုးရိုး သားသားပါပဲ...။
လတစ် စင်း ကြွေ လည်း
နေမင်း တစ်ရာ သာတဲ့
........မင်းဘ၀ ဓနမက် ဂယက်ထဲ
............လက်ဗလာ နဲ့တော့ မ၀င်ဘူး..။
ဂုဏ်ကို ဂုဏ်ခြင်းထပ်
ရွှေ လင်ပန်း နဲ့ အချဉ်းဆေးခဲ့တဲ့
......မင်း ဘ၀သာယာ နေချိန်မှာ
.........ငါ့လို အည တရ လမင်း တစ်စင်း
..........ခပ်ဝေးဝေးကိုပဲ စွန့်ပစ်လိုက်ပါ...။
အပြုံး တစ်ပွင့် နဲ့ ဝေဆာလို့
နှလုံးသား ရဲ့ စတေး ခံ လက်ထပ်ပွဲ
............ပ၀ါ ဖြူ မျက်နှာ ဖုံး အုပ်လို့
.................မင်းတို့ နှစ်ယောက် ပေါင်းစည်းပွဲမှာ
ငါ့ အချစ်တွေ သက်သေအဖြစ် လက်ဆောင်ပါးခဲ့ ပါ့မယ်...
ကဲ........ချစ်ရသော သူရေ
ငါမရှိရင်လည်း အရာရာ အဆင်ပြေပါစေကွယ်...။
No comments:
Post a Comment
ဝေဖန်ချက်လေးရေးပေးပါ..