လွမ်းသူ့စာခွေ
လွမ်းဝေေ၀ဖြင့်
လွမ်းတေးကဗျာ
လွမ်းရာရာကို
လွမ်းချင်းနီးအောင်စပ်ပါသော်လည်း
လွမ်းကြိုးမပြေ
ဆွေးကြိုးဝေသည်
လွမ်းသူ့မေတ္တာကြီးသောကြောင့်.....(11-12-2008)
Thursday, March 29, 2012
(၁၈)နှစ်အမှတ်တရ
ကမ္ဘာကြီးကကျယ်တယ်
နားခိုစရာနေရာကတော့ရှားမှရှား......
ကြယ်လေးတစ်ပွင့်ကြွေသွားတဲ့ညက
တိမ်မည်းကြီးရဲ့နောက်ကွယ်မှာ
လမင်းက တိတ်တိတ်လေးသက်ပြင်းချတယ်
မျှော်လင့်ခြင်းရဲ့ခြေတော်ရင်းက
ဖိနပ်ကြိုးလေးပြတ်ထွက်သွားချိန်
(၁၈)နှစ် ကောင်မလေးရဲ့နှလုံးသားမှာလဲ
ဒဏ်ရာတွေဗလပွဖြစ်သွားခဲ့လို့
(၁၈)နှစ် အမှတ်တရအဖြစ်
တစ်ဘ၀လုံးစားအတွက်
ပထမဆုံးသင်ခန်းစာကို
ဘ၀နဲ့ရင်းပြီးသင်ယူဖြစ်ခဲ့တယ်........(7-11-2010)
နားခိုစရာနေရာကတော့ရှားမှရှား......
ကြယ်လေးတစ်ပွင့်ကြွေသွားတဲ့ညက
တိမ်မည်းကြီးရဲ့နောက်ကွယ်မှာ
လမင်းက တိတ်တိတ်လေးသက်ပြင်းချတယ်
မျှော်လင့်ခြင်းရဲ့ခြေတော်ရင်းက
ဖိနပ်ကြိုးလေးပြတ်ထွက်သွားချိန်
(၁၈)နှစ် ကောင်မလေးရဲ့နှလုံးသားမှာလဲ
ဒဏ်ရာတွေဗလပွဖြစ်သွားခဲ့လို့
(၁၈)နှစ် အမှတ်တရအဖြစ်
တစ်ဘ၀လုံးစားအတွက်
ပထမဆုံးသင်ခန်းစာကို
ဘ၀နဲ့ရင်းပြီးသင်ယူဖြစ်ခဲ့တယ်........(7-11-2010)
Wednesday, March 28, 2012
ရွှေဘုံလယ်က ချစ်ဇာတ်လမ်း
လာကြပြန် ပီလား
အားတော့ နာပါရဲ့ ဗျာ
မချစ်တတ်လို့ မဟုတ်ပါဘူး
အချစ်ဆိုတာ လေးဖက်ထောက်စ အရွယ်ထဲက
ကျုပ် သင်ယူခဲ့တာပါ...
အခု အသက် 17 ကျော်နေပြီလေ
မချစ်တတ်ဘူး ထင်တုန်းပဲလား
ကျုပ် အချစ်ကို မယုံသေးဘူးလား
ဝမ်းနည်းပါတယ်ဗျာ
ပဲ ကုလား ဟင်း မကြိုက်တတ်လို့
ချွဲ ပစ်ပစ် နဲ့ ဒီနေရာမှာ လာမရောင်းပါနဲ့
ကျုပ်ရင်ခွင်မှာ
စည်ပင် ရဲ မရှိ ..
မော်တော် ပီကယ် မရှိပေမယ့်
ဝင်ချင်တိုင်း ၀င်
ထွက်ချင်တိုင်း ထွက်လို့ရတဲ့
မိုတယ် တစ်ခုတော့ မဟုတ်ဘူးဗျာ
ဝတ်စရာမရှိရင်
လျှော် စရာမရှိဘူးဆိုတာ
ကျုပ်ကောင်းကောင်းကြီး သိတာပေါ့
ခရာ မမှုတ်ခင် ပွဲစလို့ မရသလို
ဆရာ မလုပ်ချင်လို့
လက်ပိုက်ကြည့်နေတာ
တုံးတယ် ထင်နေတာ လား
ကျုပ်တတ်တာတွေ ပြလိုက်ရင်
လန့်ဖြတ် သွားမှာစိုးလို့
ခပ်တည်တည် နဲ့ ရယ် နေခဲ့တာပါ
ဝေဿန္တရာလည်း မဖြစ်ချင်ဘူး
မဒီဒေ၀ီလည်း မလိုချင်ဘူး
ကျုပ်လိုနေတာ ခင်ဗျားတစ်ယောက်တည်းပါ
ပွဲလယ်ခေါင် လူများရှေ့မှာ
မတ်တပ် မရပ် ချင်သလို
ဘုရား အထက်က လူကြီးကိုလည်း
ခပ်တည်တည်နဲ့ ပြုံးမပြချင်ဘူး
ဆုံးပါးသွားတဲ့ လွန်ခဲ့တဲ့
နှစ်ပေါင်း သောင်းချီ က
ဂန္တ၀င် အချစ်ဇာတ်လမ်းတွေလည်း
ကျုပ် မဖတ် ဖူးဘူး
အပစ်ရှိရင် ၀ဋ်ကျွတ် ပေးတဲ့
မြတ်စွာဘုရားရှင် ကိုလည်း
ကျုပ် ဖူးမမြင် ခဲ့ ဖူးဘူး
ခင်ဗျား ကို ချစ်တယ်ဆိုတာ လည်း
ကျုပ်မှာ သင်ဆရာမရှိခဲ့ ပါဘူး
ရယ်စရာ ပြောနေတာမဟုတ်ပါဘူးဗျာ
ကျုပ် အပီအပြင် ပြောနေတာပါ
တီးလုံးလည်း မပါဘူး
ဂစ်တာ လည်း မလိုဘူး
သံစဉ် လည်း မရှိဘူး
အခု ခင်ဗျားကို ချစ်တယ်ဆိုတာ
သပ်သပ် လွတ်တွေပဲ ပြောနေတာပါ
မယုံလို့လား
ပုံပြင်တော့ မသတ်မှတ်လိုက်ပါနဲ့ဗျာ
ရင်ခုန်စရာ မကောင်းပေမယ့်
ယုန်ဖင်ထက်တော့ တန်ဖိုးရှိမှာပါ
စဉ်းစား နေတာလားဗျာ
သင်္ချာလည်း မဟုတ်
ဓါတုဗေဒ လည်းမဟုတ်
ရူပ ဗေဒလည်း မဟုတ်
ဒဿနိကလည်း မဟုတ်ဘူးလေ
ချစ်တယ်ဆိုတာ ကို မှားလား မှန်လား ဝေခွဲနေတာလား
အကြွင်း မကျန်ပါစေ နဲ့ကွယ်
ခင်ဗျား အဖြေထိုးဖို့ မေ့ခဲ့ ရင်
ကျုပ် အချစ်က ရလဒ်ကောင်းမှာ မဟုတ်လို့
ခင်ဗျား အသိုင်း အ၀ိုင်းကို မေးကြည့်လိုက်
မစဉ်းစားတာ က
အကောင်းဆုံး အဖြေဆိုတာ ပြောလိမ့်မယ်
မှန်ပါတယ်ဗျာ
ငွေ မရှိတဲ့ ကျုပ်လိုကောင်က
ရွှေ ထီးမှ မိုးမပေးနိုင်တာ
ကျုပ်အချစ်က အဆင့်အတန်းမရှိပါဘူး
အဲဒီအဖြေပဲ ကောင်းပါတယ်
နောက်ဆုံးတော့ မင်းသားဦးကျော်ဟိန်းလိုပဲ
လူသား အားလုံးကို လေးစားတယ်ဗျာ
ခင်ဗျားအသိုင်း အ၀ိုင်းကိုလည်း
လေးစားတယ် ပြောလိုက်ပါ......။
အားတော့ နာပါရဲ့ ဗျာ
မချစ်တတ်လို့ မဟုတ်ပါဘူး
အချစ်ဆိုတာ လေးဖက်ထောက်စ အရွယ်ထဲက
ကျုပ် သင်ယူခဲ့တာပါ...
အခု အသက် 17 ကျော်နေပြီလေ
မချစ်တတ်ဘူး ထင်တုန်းပဲလား
ကျုပ် အချစ်ကို မယုံသေးဘူးလား
ဝမ်းနည်းပါတယ်ဗျာ
ပဲ ကုလား ဟင်း မကြိုက်တတ်လို့
ချွဲ ပစ်ပစ် နဲ့ ဒီနေရာမှာ လာမရောင်းပါနဲ့
ကျုပ်ရင်ခွင်မှာ
စည်ပင် ရဲ မရှိ ..
မော်တော် ပီကယ် မရှိပေမယ့်
ဝင်ချင်တိုင်း ၀င်
ထွက်ချင်တိုင်း ထွက်လို့ရတဲ့
မိုတယ် တစ်ခုတော့ မဟုတ်ဘူးဗျာ
ဝတ်စရာမရှိရင်
လျှော် စရာမရှိဘူးဆိုတာ
ကျုပ်ကောင်းကောင်းကြီး သိတာပေါ့
ခရာ မမှုတ်ခင် ပွဲစလို့ မရသလို
ဆရာ မလုပ်ချင်လို့
လက်ပိုက်ကြည့်နေတာ
တုံးတယ် ထင်နေတာ လား
ကျုပ်တတ်တာတွေ ပြလိုက်ရင်
လန့်ဖြတ် သွားမှာစိုးလို့
ခပ်တည်တည် နဲ့ ရယ် နေခဲ့တာပါ
ဝေဿန္တရာလည်း မဖြစ်ချင်ဘူး
မဒီဒေ၀ီလည်း မလိုချင်ဘူး
ကျုပ်လိုနေတာ ခင်ဗျားတစ်ယောက်တည်းပါ
ပွဲလယ်ခေါင် လူများရှေ့မှာ
မတ်တပ် မရပ် ချင်သလို
ဘုရား အထက်က လူကြီးကိုလည်း
ခပ်တည်တည်နဲ့ ပြုံးမပြချင်ဘူး
ဆုံးပါးသွားတဲ့ လွန်ခဲ့တဲ့
နှစ်ပေါင်း သောင်းချီ က
ဂန္တ၀င် အချစ်ဇာတ်လမ်းတွေလည်း
ကျုပ် မဖတ် ဖူးဘူး
အပစ်ရှိရင် ၀ဋ်ကျွတ် ပေးတဲ့
မြတ်စွာဘုရားရှင် ကိုလည်း
ကျုပ် ဖူးမမြင် ခဲ့ ဖူးဘူး
ခင်ဗျား ကို ချစ်တယ်ဆိုတာ လည်း
ကျုပ်မှာ သင်ဆရာမရှိခဲ့ ပါဘူး
ရယ်စရာ ပြောနေတာမဟုတ်ပါဘူးဗျာ
ကျုပ် အပီအပြင် ပြောနေတာပါ
တီးလုံးလည်း မပါဘူး
ဂစ်တာ လည်း မလိုဘူး
သံစဉ် လည်း မရှိဘူး
အခု ခင်ဗျားကို ချစ်တယ်ဆိုတာ
သပ်သပ် လွတ်တွေပဲ ပြောနေတာပါ
မယုံလို့လား
ပုံပြင်တော့ မသတ်မှတ်လိုက်ပါနဲ့ဗျာ
ရင်ခုန်စရာ မကောင်းပေမယ့်
ယုန်ဖင်ထက်တော့ တန်ဖိုးရှိမှာပါ
စဉ်းစား နေတာလားဗျာ
သင်္ချာလည်း မဟုတ်
ဓါတုဗေဒ လည်းမဟုတ်
ရူပ ဗေဒလည်း မဟုတ်
ဒဿနိကလည်း မဟုတ်ဘူးလေ
ချစ်တယ်ဆိုတာ ကို မှားလား မှန်လား ဝေခွဲနေတာလား
အကြွင်း မကျန်ပါစေ နဲ့ကွယ်
ခင်ဗျား အဖြေထိုးဖို့ မေ့ခဲ့ ရင်
ကျုပ် အချစ်က ရလဒ်ကောင်းမှာ မဟုတ်လို့
ခင်ဗျား အသိုင်း အ၀ိုင်းကို မေးကြည့်လိုက်
မစဉ်းစားတာ က
အကောင်းဆုံး အဖြေဆိုတာ ပြောလိမ့်မယ်
မှန်ပါတယ်ဗျာ
ငွေ မရှိတဲ့ ကျုပ်လိုကောင်က
ရွှေ ထီးမှ မိုးမပေးနိုင်တာ
ကျုပ်အချစ်က အဆင့်အတန်းမရှိပါဘူး
အဲဒီအဖြေပဲ ကောင်းပါတယ်
နောက်ဆုံးတော့ မင်းသားဦးကျော်ဟိန်းလိုပဲ
လူသား အားလုံးကို လေးစားတယ်ဗျာ
ခင်ဗျားအသိုင်း အ၀ိုင်းကိုလည်း
လေးစားတယ် ပြောလိုက်ပါ......။
အဖြည့်ခံ ဆု
အမုန်း ရနံ့ လေပြေ တစ်ချို့ နဲ့
.......ရင်ခွင်ကို ၀င်ရောက်တိုက်ခတ်
............အသည်း ကွဲခြင်းရဲ့ နောက်ဆုံးမှတ်တိုင်တစ်ခု
ချစ်သူ အတွက် လက်ဆောင်ပေးလို့
ပုံပြောကောင်းတဲ့ ညများမှာ
ငါ့ ဒဏ္ဍာရီကတော့ .........
............ရိုးရိုး သားသားပါပဲ...။
လတစ် စင်း ကြွေ လည်း
နေမင်း တစ်ရာ သာတဲ့
........မင်းဘ၀ ဓနမက် ဂယက်ထဲ
............လက်ဗလာ နဲ့တော့ မ၀င်ဘူး..။
ဂုဏ်ကို ဂုဏ်ခြင်းထပ်
ရွှေ လင်ပန်း နဲ့ အချဉ်းဆေးခဲ့တဲ့
......မင်း ဘ၀သာယာ နေချိန်မှာ
.........ငါ့လို အည တရ လမင်း တစ်စင်း
..........ခပ်ဝေးဝေးကိုပဲ စွန့်ပစ်လိုက်ပါ...။
အပြုံး တစ်ပွင့် နဲ့ ဝေဆာလို့
နှလုံးသား ရဲ့ စတေး ခံ လက်ထပ်ပွဲ
............ပ၀ါ ဖြူ မျက်နှာ ဖုံး အုပ်လို့
.................မင်းတို့ နှစ်ယောက် ပေါင်းစည်းပွဲမှာ
ငါ့ အချစ်တွေ သက်သေအဖြစ် လက်ဆောင်ပါးခဲ့ ပါ့မယ်...
ကဲ........ချစ်ရသော သူရေ
ငါမရှိရင်လည်း အရာရာ အဆင်ပြေပါစေကွယ်...။
.......ရင်ခွင်ကို ၀င်ရောက်တိုက်ခတ်
............အသည်း ကွဲခြင်းရဲ့ နောက်ဆုံးမှတ်တိုင်တစ်ခု
ချစ်သူ အတွက် လက်ဆောင်ပေးလို့
ပုံပြောကောင်းတဲ့ ညများမှာ
ငါ့ ဒဏ္ဍာရီကတော့ .........
............ရိုးရိုး သားသားပါပဲ...။
လတစ် စင်း ကြွေ လည်း
နေမင်း တစ်ရာ သာတဲ့
........မင်းဘ၀ ဓနမက် ဂယက်ထဲ
............လက်ဗလာ နဲ့တော့ မ၀င်ဘူး..။
ဂုဏ်ကို ဂုဏ်ခြင်းထပ်
ရွှေ လင်ပန်း နဲ့ အချဉ်းဆေးခဲ့တဲ့
......မင်း ဘ၀သာယာ နေချိန်မှာ
.........ငါ့လို အည တရ လမင်း တစ်စင်း
..........ခပ်ဝေးဝေးကိုပဲ စွန့်ပစ်လိုက်ပါ...။
အပြုံး တစ်ပွင့် နဲ့ ဝေဆာလို့
နှလုံးသား ရဲ့ စတေး ခံ လက်ထပ်ပွဲ
............ပ၀ါ ဖြူ မျက်နှာ ဖုံး အုပ်လို့
.................မင်းတို့ နှစ်ယောက် ပေါင်းစည်းပွဲမှာ
ငါ့ အချစ်တွေ သက်သေအဖြစ် လက်ဆောင်ပါးခဲ့ ပါ့မယ်...
ကဲ........ချစ်ရသော သူရေ
ငါမရှိရင်လည်း အရာရာ အဆင်ပြေပါစေကွယ်...။
နင်ပျော်မယ်ဆို..
ပျံ ပါလေတော့ ငှက်ငယ်ရယ်...
ငါရင်ခွင်မှာနင်မပျော်တော့ ဘူးဆို...
နွေ မှာ ကြုံ ဖူး ဥသြ ငှက်ကလေးရဲ့
ချစ်ရူး သံစဉ်လေးတွေ ငါနားဆင်လိုက်ပါ့မယ်...
ရင်ခွင်မှာ ခြေရာ ပျောက်
ဂုဏ် ဓနတွေ အစားထိုးလို့
နင့်ဘ၀ သာယာ ဖို့ အတွက်
ငါ့ အချစ်တွေ လမ်းခင်း ပြီးတော့
ရှေ့ တစ် လှမ်းကိုသာ မှန်းမျှော် လိုက်ပါ....။
ဒဏ်ရာ ဘယ်လောက်ပဲ ရရ
နင့်အတွက်ဆို ...ငါ
နားကြည်း ချက်ဆိုတာ မရှိခဲ့ ပါဘူး...။
အသွားအပြန် မရှိလည်း နေပါ
နင်သာယာနေခဲ့မယ် ဆိုရင်
ကောင်းကင်က လမင်းတစ်စင်း လို
ငါပြုံးပြုံးလေးနဲ့ ကြည့်နေမှာပါ...။
ရင်နာခဲ့ပေမယ့် လည်း
ဝေဒနာတော့ မဖြစ်ပါဘူး
နေမင်းဆိုတာ လမင်းထက်တော့
အလင်းပိုသာ ခဲ့တာ ပဲလေ
နင်ထားခဲ့ တာလည်း
သက်သေခိုင်လုံတဲ့ ပြချက် တစ်ခုပါပဲ
ငါမငြင်း ဆန်ခဲ့ ပါဘူး
ငါ နေခဲ့ မှာ ပါ
ဒါပေမယ့်..............
ငါ့ ဘ၀ ရဲ့ ဒဏ္ဍာရီထဲမှာ
နင်ဆိုတဲ့ ကောင်မလေး တစ်ယောက်
ခရီး သွားနေတယ်ဆိုတာတော့..
.............အမှတ်ရပေးပါဟာ...........။
ငါရင်ခွင်မှာနင်မပျော်တော့ ဘူးဆို...
နွေ မှာ ကြုံ ဖူး ဥသြ ငှက်ကလေးရဲ့
ချစ်ရူး သံစဉ်လေးတွေ ငါနားဆင်လိုက်ပါ့မယ်...
ရင်ခွင်မှာ ခြေရာ ပျောက်
ဂုဏ် ဓနတွေ အစားထိုးလို့
နင့်ဘ၀ သာယာ ဖို့ အတွက်
ငါ့ အချစ်တွေ လမ်းခင်း ပြီးတော့
ရှေ့ တစ် လှမ်းကိုသာ မှန်းမျှော် လိုက်ပါ....။
ဒဏ်ရာ ဘယ်လောက်ပဲ ရရ
နင့်အတွက်ဆို ...ငါ
နားကြည်း ချက်ဆိုတာ မရှိခဲ့ ပါဘူး...။
အသွားအပြန် မရှိလည်း နေပါ
နင်သာယာနေခဲ့မယ် ဆိုရင်
ကောင်းကင်က လမင်းတစ်စင်း လို
ငါပြုံးပြုံးလေးနဲ့ ကြည့်နေမှာပါ...။
ရင်နာခဲ့ပေမယ့် လည်း
ဝေဒနာတော့ မဖြစ်ပါဘူး
နေမင်းဆိုတာ လမင်းထက်တော့
အလင်းပိုသာ ခဲ့တာ ပဲလေ
နင်ထားခဲ့ တာလည်း
သက်သေခိုင်လုံတဲ့ ပြချက် တစ်ခုပါပဲ
ငါမငြင်း ဆန်ခဲ့ ပါဘူး
ငါ နေခဲ့ မှာ ပါ
ဒါပေမယ့်..............
ငါ့ ဘ၀ ရဲ့ ဒဏ္ဍာရီထဲမှာ
နင်ဆိုတဲ့ ကောင်မလေး တစ်ယောက်
ခရီး သွားနေတယ်ဆိုတာတော့..
.............အမှတ်ရပေးပါဟာ...........။
မိန်း...........မပျို
သိပ်ချစ်ရတဲ့ မိန်း.....မပျိုရေ
........အသက်နဲ့ အမျှ ချစ်ရတဲ့ ဗာရာမင်းလည်ဆွဲ
................မင်းဖြစ်ချင်တယ်ပြော တုန်းက ငါငြင်းဆန်ခဲ့လို့လား
အခုတော့ ပြီးဆုံးသွားပါပြီ
...အသည်းကွဲ လေရိုင်းတွေနဲ့
............ပင်လယ်ရေ လှိုင်းတွေ ကြားမှာ
ငါ့ ဘ၀ကို ခရီး နှင်ခဲ့ ပြီ....။
ယုံကြည်ပါ ဆံပင်လေး သပ်တင်လို့
...ဖြတ်ကနဲ ကြည့်လိုက်တဲ့ မျက်ဝန်းတချို့
......ငါ့ နှလုံးသား ကို ဘာသာမဲ့ ရိုက်ခတ်လာခဲ့တယ်။
ပင့် သက် ရှု ရှိုက် နဲ့
.....ဂမ္ဘီရ နုတ်ခမ်းသား ထက်က
.........ထွက်လာတဲ့ စကားလုံးပါးပါးတွေဟာ
ရင်ခုန် သံ ဈေးကွက်မှာ ရောင်းအားတွေ ကျနေလို့
ငါ လက်မခံပါရ စေနဲ့ တော့
..................မိန်း.............မပျို..။
ကင်မရာတွေ လို တလက်လက်နဲ့
......လှုပ် ရှားနေတဲ့ မင်းနှလုံးသား ရဲ့
...............မွေ့ ယာ ခင်း အိပ်ယာ ပေါ်မှာ
....................ငါ ပုံပြင် တစ်ပုဒ် နားထောင်ရင်း
ဖြစ်နိုင်မယ် ဆိုရင် ဟား တိုက်လို့ ရယ်မောရင်း
အိပ် ချင်ပါသေးတယ် မိန်း.........မပျို..။
မာယာ အပြုံး တစ်ချို့ နဲ့
......လူစည်ကားတဲ့ ပြတိုက် တစ်ခုမှာ
............မူးယစ် ၀ိုင် တစ်ခွက်ကို
စီးကရက် မီးတိုစ နဲ့ တွဲလို့
လူ ဘုံ လယ် မှာ ၀ါးတားတား နဲ့ လျှောက်လှမ်းလာခဲ့တာ
မင်းပါပဲ ......မိန်း..............မပျို...။
ယောက်ျားတစ်ထောင်ကို
လက်ညှိုး တစ်ချောင်းနဲ့ ပြုစားပြီး
....မင်း ဘ၀ ကို အဆိပ် ခွက်မှာ
..........နစ်မျှော တော့ မလို့လား
တမာ ရိပ်မှာ နေပြီး
ပျား ရည်ချို တစ်ခွက် ကိုတော့
မမျှော် မှန်း ပါနဲ့တော့
ဒဏ် ရာတွေကို သာ နောင်မှာ တလို့
ရှိလျက် အဖြစ်ကိုပဲ မင်းစီဆင်းလိုက်ပါတော့
............မိန်း..................မပျိုရယ်...။
........အသက်နဲ့ အမျှ ချစ်ရတဲ့ ဗာရာမင်းလည်ဆွဲ
................မင်းဖြစ်ချင်တယ်ပြော တုန်းက ငါငြင်းဆန်ခဲ့လို့လား
အခုတော့ ပြီးဆုံးသွားပါပြီ
...အသည်းကွဲ လေရိုင်းတွေနဲ့
............ပင်လယ်ရေ လှိုင်းတွေ ကြားမှာ
ငါ့ ဘ၀ကို ခရီး နှင်ခဲ့ ပြီ....။
ယုံကြည်ပါ ဆံပင်လေး သပ်တင်လို့
...ဖြတ်ကနဲ ကြည့်လိုက်တဲ့ မျက်ဝန်းတချို့
......ငါ့ နှလုံးသား ကို ဘာသာမဲ့ ရိုက်ခတ်လာခဲ့တယ်။
ပင့် သက် ရှု ရှိုက် နဲ့
.....ဂမ္ဘီရ နုတ်ခမ်းသား ထက်က
.........ထွက်လာတဲ့ စကားလုံးပါးပါးတွေဟာ
ရင်ခုန် သံ ဈေးကွက်မှာ ရောင်းအားတွေ ကျနေလို့
ငါ လက်မခံပါရ စေနဲ့ တော့
..................မိန်း.............မပျို..။
ကင်မရာတွေ လို တလက်လက်နဲ့
......လှုပ် ရှားနေတဲ့ မင်းနှလုံးသား ရဲ့
...............မွေ့ ယာ ခင်း အိပ်ယာ ပေါ်မှာ
....................ငါ ပုံပြင် တစ်ပုဒ် နားထောင်ရင်း
ဖြစ်နိုင်မယ် ဆိုရင် ဟား တိုက်လို့ ရယ်မောရင်း
အိပ် ချင်ပါသေးတယ် မိန်း.........မပျို..။
မာယာ အပြုံး တစ်ချို့ နဲ့
......လူစည်ကားတဲ့ ပြတိုက် တစ်ခုမှာ
............မူးယစ် ၀ိုင် တစ်ခွက်ကို
စီးကရက် မီးတိုစ နဲ့ တွဲလို့
လူ ဘုံ လယ် မှာ ၀ါးတားတား နဲ့ လျှောက်လှမ်းလာခဲ့တာ
မင်းပါပဲ ......မိန်း..............မပျို...။
ယောက်ျားတစ်ထောင်ကို
လက်ညှိုး တစ်ချောင်းနဲ့ ပြုစားပြီး
....မင်း ဘ၀ ကို အဆိပ် ခွက်မှာ
..........နစ်မျှော တော့ မလို့လား
တမာ ရိပ်မှာ နေပြီး
ပျား ရည်ချို တစ်ခွက် ကိုတော့
မမျှော် မှန်း ပါနဲ့တော့
ဒဏ် ရာတွေကို သာ နောင်မှာ တလို့
ရှိလျက် အဖြစ်ကိုပဲ မင်းစီဆင်းလိုက်ပါတော့
............မိန်း..................မပျိုရယ်...။
တိမ်ပြိုတွေပြိုခဲ့ရင်...
သတိရသေးတယ် ရွှေတိမ်လွှာရယ်.......
..သန်းခေါင်ယံ ည နက်ထဲ
........အဖော် မဲ့ ခဲ့ တဲ့ နင့်အတွက်
..............ငါ ကဗျာလေးတွေ စပ်ရင်း
နင်အပျင်း ပြေဖို့ ဟာသတွေ နှောလို့ ပေါ့.......။
ပြုံးတစ်ခါ ရယ်တစ်လှည့်နဲ့
........ပြီးဆုံး မသွားတဲ့ ပျော်ရွှင် မှု တစ်ခုလိုပဲ
.............တမ်းတမ်း တတ နဲ့ မှန်းဆပြီး
................ငါပျော်ရွှင် မှုတွေ အကုန်
အပြီး ပိုင် နင့်ကိုပေးအပ် ခဲ့တာပါ..။။။။
တစ်ခဏ မှာ တွေ့ခဲ့ပေမယ့်
............တစ်ဘ၀စာ ချစ်တယ်ပြောရင် မှားနေလိမ့်မယ်
ငါက ......နင့်ကို
............နောက်ဘ၀ထိ ချစ်ဖို့ ရည်စူးထားတာပါ...
အလိမ်အညာ တွေ မပြောခဲ့ ဖူးသလို
..........ရင်ခွင် ဗလာ မှာလည်း
................နင့်အတွက်ပဲ နေရာတွေ ချန်လှပ်ထားခဲ့တာပါ
........ဒဏ်ရာ နာကြည်းချက်တွေ ပေးဖို့ မရည်ရွယ်ခဲ့သလို
နင်စိတ်ငြိုငြို မှာကိုလည်း
ငါ.... မလိုလားခဲ့ ပါဘူး..............။
...............အခုတော့.....
........မစ ခင်က ပြီးဆုံးတော့ မယ့် ဇာတ်လမ်း
ငါ့ ၀မ်းနည်း မှတ်တမ်းမှာ ထည့်ရေးလိုက်ပါ့မယ်
................ငါဆိုတဲ့ အမှိုက်တစ်ခုကို
နင့် ဘ၀အတွက် မလိုတော့ဘူးလို့ ပဲ
........................မှတ် ယူလိုက်ပါတော့....
လေနှင် ရာ ပြီးဆုံးတဲ့ ဇာတ်လမ်းမှာ
.............တိမ်တွေ ပြိုသွားခဲ့ ရင်လည်း
.................အသစ် တစ်ဖန် နင့်အတွက်
...................ငါ့ အလွမ်းတွေကို တံတိုင်း လုပ်လို့
ငါကြို လို့ တာစီးခံ လိုက်ပါ့မယ်.
မင်းချစ် တဲ့ သူနဲ့ အတူ ပျော်ရာကိုပဲ
ရွေ့ လျား လိုက်ပါတော့ ရွှေ တိမ်လွှာရယ်
ငါနေရစ်ခဲ့ ပါတော့ မယ်..
..........ငါနေရစ်ခဲ့ ........ပါတော့မယ်.....။
..သန်းခေါင်ယံ ည နက်ထဲ
........အဖော် မဲ့ ခဲ့ တဲ့ နင့်အတွက်
..............ငါ ကဗျာလေးတွေ စပ်ရင်း
နင်အပျင်း ပြေဖို့ ဟာသတွေ နှောလို့ ပေါ့.......။
ပြုံးတစ်ခါ ရယ်တစ်လှည့်နဲ့
........ပြီးဆုံး မသွားတဲ့ ပျော်ရွှင် မှု တစ်ခုလိုပဲ
.............တမ်းတမ်း တတ နဲ့ မှန်းဆပြီး
................ငါပျော်ရွှင် မှုတွေ အကုန်
အပြီး ပိုင် နင့်ကိုပေးအပ် ခဲ့တာပါ..။။။။
တစ်ခဏ မှာ တွေ့ခဲ့ပေမယ့်
............တစ်ဘ၀စာ ချစ်တယ်ပြောရင် မှားနေလိမ့်မယ်
ငါက ......နင့်ကို
............နောက်ဘ၀ထိ ချစ်ဖို့ ရည်စူးထားတာပါ...
အလိမ်အညာ တွေ မပြောခဲ့ ဖူးသလို
..........ရင်ခွင် ဗလာ မှာလည်း
................နင့်အတွက်ပဲ နေရာတွေ ချန်လှပ်ထားခဲ့တာပါ
........ဒဏ်ရာ နာကြည်းချက်တွေ ပေးဖို့ မရည်ရွယ်ခဲ့သလို
နင်စိတ်ငြိုငြို မှာကိုလည်း
ငါ.... မလိုလားခဲ့ ပါဘူး..............။
...............အခုတော့.....
........မစ ခင်က ပြီးဆုံးတော့ မယ့် ဇာတ်လမ်း
ငါ့ ၀မ်းနည်း မှတ်တမ်းမှာ ထည့်ရေးလိုက်ပါ့မယ်
................ငါဆိုတဲ့ အမှိုက်တစ်ခုကို
နင့် ဘ၀အတွက် မလိုတော့ဘူးလို့ ပဲ
........................မှတ် ယူလိုက်ပါတော့....
လေနှင် ရာ ပြီးဆုံးတဲ့ ဇာတ်လမ်းမှာ
.............တိမ်တွေ ပြိုသွားခဲ့ ရင်လည်း
.................အသစ် တစ်ဖန် နင့်အတွက်
...................ငါ့ အလွမ်းတွေကို တံတိုင်း လုပ်လို့
ငါကြို လို့ တာစီးခံ လိုက်ပါ့မယ်.
မင်းချစ် တဲ့ သူနဲ့ အတူ ပျော်ရာကိုပဲ
ရွေ့ လျား လိုက်ပါတော့ ရွှေ တိမ်လွှာရယ်
ငါနေရစ်ခဲ့ ပါတော့ မယ်..
..........ငါနေရစ်ခဲ့ ........ပါတော့မယ်.....။
နိဂုံး
တစ်ခဏ တာ ဖိတ်စင်ခဲ့တာပါ
....ရေကြည် တစ်ပေါက်လို့
..........အစက် အပျောက်တစ်ချို့ နဲ့
................နင့်ဘ၀ရဲ့ လှောင်ချိုင့် ထဲမှာ
......အမှောင်လမ်းကို ရှောင်ရင်း ပုပ်သိုးနေတဲ့
ငါဆိုတဲ့ ဒီလို လမင်းတစ်စင်းကို
နင်မေ့ ပစ်လိုက်ပါတော့........!!
ရနံ့ ခိုးဝေ တွေနဲ့ နင်ယစ်မူးလိုက်တဲ့
.......စကားလုံး တစ်ချို့......
မသို မသိပ်နဲ့ ငါ့ရင်မှာ ပထမ ဦးဆုံး
..........ခရီးသွားခဲ့တာ နင်ပါလို့တော့
ငါဖွင့် မပြောတော့ပါဘူး....
အမှောင်လမ်းကို ထိုးဖောက် ပြီးမှ
..... နင့် စီက ရ လာတဲ့ အလွမ်းတချို့ ကို
အိပ် မပျော်တဲ့ ညမှာ .....ငါ့အတွက်
..................တမ်းတဖို့ ပဲ မှတ်လိုက်ပါ့မယ်...
..........မတူ မတန်တဲ့ နင့်အကြည့်တွေနဲ့
လူမဆန်တဲ့ အသိုင်း အ၀ိုင်းက ........
............စကားလုံးတွေကိုတောင် .....ငါ....
နင့်အတွက် ........သတိမထားခဲ့ဘူး...
နောက်...ဆုံး.......တော့.......
........ကြင်နာ ခြင်း လက်မှတ်တွေနဲ့
....................ငါ့ ဘ၀ ကို တစ်ခဏနာ ခရီးနှင်လို့
.............................နှုတ်ဆက် လက်မပြ ခင်
အချစ်တို့ ရဲ့ စီးဆင်းရာ မြစ်အတိုင်း
နင် အနိုင် နိုင် ပိုင်းဖြတ်ခဲ့တာ...
ဒါ......ပေ.....မယ့်......လည်း .........
နင်ပြောသလိုပါပဲ နင်နဲ့ မဆိုင်ခဲ့ပါဘူးလေ.....!!!
....ရေကြည် တစ်ပေါက်လို့
..........အစက် အပျောက်တစ်ချို့ နဲ့
................နင့်ဘ၀ရဲ့ လှောင်ချိုင့် ထဲမှာ
......အမှောင်လမ်းကို ရှောင်ရင်း ပုပ်သိုးနေတဲ့
ငါဆိုတဲ့ ဒီလို လမင်းတစ်စင်းကို
နင်မေ့ ပစ်လိုက်ပါတော့........!!
ရနံ့ ခိုးဝေ တွေနဲ့ နင်ယစ်မူးလိုက်တဲ့
.......စကားလုံး တစ်ချို့......
မသို မသိပ်နဲ့ ငါ့ရင်မှာ ပထမ ဦးဆုံး
..........ခရီးသွားခဲ့တာ နင်ပါလို့တော့
ငါဖွင့် မပြောတော့ပါဘူး....
အမှောင်လမ်းကို ထိုးဖောက် ပြီးမှ
..... နင့် စီက ရ လာတဲ့ အလွမ်းတချို့ ကို
အိပ် မပျော်တဲ့ ညမှာ .....ငါ့အတွက်
..................တမ်းတဖို့ ပဲ မှတ်လိုက်ပါ့မယ်...
..........မတူ မတန်တဲ့ နင့်အကြည့်တွေနဲ့
လူမဆန်တဲ့ အသိုင်း အ၀ိုင်းက ........
............စကားလုံးတွေကိုတောင် .....ငါ....
နင့်အတွက် ........သတိမထားခဲ့ဘူး...
နောက်...ဆုံး.......တော့.......
........ကြင်နာ ခြင်း လက်မှတ်တွေနဲ့
....................ငါ့ ဘ၀ ကို တစ်ခဏနာ ခရီးနှင်လို့
.............................နှုတ်ဆက် လက်မပြ ခင်
အချစ်တို့ ရဲ့ စီးဆင်းရာ မြစ်အတိုင်း
နင် အနိုင် နိုင် ပိုင်းဖြတ်ခဲ့တာ...
ဒါ......ပေ.....မယ့်......လည်း .........
နင်ပြောသလိုပါပဲ နင်နဲ့ မဆိုင်ခဲ့ပါဘူးလေ.....!!!
ချစ်သူသို့ မေးပါ..
ကောင်မလေးရေ.........(သို့ ) ချစ်ရသူရေ......
............ပန်းတကာ့ ပန်းမှာ ဘယ်ပန်းကို ကြိုက်လည်းမေးရင်
.................ပန်းတို့သခင် နှင်းဆီကိုပဲ
မင်းကြိုက်တယ်ပြောမှာလား....?
ကောင်မလေးရေ.....
.........ကမ္ဘာကိုတည် လူတွေ အမှီဖွဲ့တဲ့
..........တည်နေရာကို ဘာရွေးမလဲမေးရင်
ရွှေဘုံ အိမ်နန်း ဂုဏ်ဓနတွေ ၀န်းရံထားတဲ့
ဂုဏ်ကြီးရှင် စည်းစိမ်တွေကိုပဲ မင်းရွေးမှာလား...?
ကောင်မလေးရေ.........
........ဆင်းရဲ ချမ်းသာ တူနှစ်ကိုယ် ဘ၀နဲ့
...............တဲအိုစုပ်မှာ ပဲပြုပ်နဲ့ နှစ်ပါးသွားလို့
တစ်နေ့ငါ့ကို စိတ်ကုန်မှာလား....?
ကောင်မလေးရေ.....
.........အရာရာပြည့်စုံ လူဂုဏ်လည်းတင့်
...........ဂုဏ်ကြီးရှင် သူဌေးတွေက
လက်ထပ် နှောင်ဖွဲ့ သံယောဇဉ် တွယ်ချင်တယ်ပြောရင်
လက်ခံမှာလား........ငြင်းပယ်မှာလား........?
ကောင်မလေးရေ......
........အခြေ အနေ ဝေးလို့
..............နှစ်ကိုယ်တူ ဘဝ
ရည်မှန်းထားတဲ့ ခံစားချက်တွေနဲ့ တူ
ငါတို့ နှစ်ဦး ဝေးခဲ့ကြရင်
ငါ့ကိုရော မေ့သွားခဲ့မှာလား....?
ကောင်မလေးရေ......
...............................
.........................
ငါ့ကို ရော ချစ်သေးလား..........?
............ပန်းတကာ့ ပန်းမှာ ဘယ်ပန်းကို ကြိုက်လည်းမေးရင်
.................ပန်းတို့သခင် နှင်းဆီကိုပဲ
မင်းကြိုက်တယ်ပြောမှာလား....?
ကောင်မလေးရေ.....
.........ကမ္ဘာကိုတည် လူတွေ အမှီဖွဲ့တဲ့
..........တည်နေရာကို ဘာရွေးမလဲမေးရင်
ရွှေဘုံ အိမ်နန်း ဂုဏ်ဓနတွေ ၀န်းရံထားတဲ့
ဂုဏ်ကြီးရှင် စည်းစိမ်တွေကိုပဲ မင်းရွေးမှာလား...?
ကောင်မလေးရေ.........
........ဆင်းရဲ ချမ်းသာ တူနှစ်ကိုယ် ဘ၀နဲ့
...............တဲအိုစုပ်မှာ ပဲပြုပ်နဲ့ နှစ်ပါးသွားလို့
တစ်နေ့ငါ့ကို စိတ်ကုန်မှာလား....?
ကောင်မလေးရေ.....
.........အရာရာပြည့်စုံ လူဂုဏ်လည်းတင့်
...........ဂုဏ်ကြီးရှင် သူဌေးတွေက
လက်ထပ် နှောင်ဖွဲ့ သံယောဇဉ် တွယ်ချင်တယ်ပြောရင်
လက်ခံမှာလား........ငြင်းပယ်မှာလား........?
ကောင်မလေးရေ......
........အခြေ အနေ ဝေးလို့
..............နှစ်ကိုယ်တူ ဘဝ
ရည်မှန်းထားတဲ့ ခံစားချက်တွေနဲ့ တူ
ငါတို့ နှစ်ဦး ဝေးခဲ့ကြရင်
ငါ့ကိုရော မေ့သွားခဲ့မှာလား....?
ကောင်မလေးရေ......
...............................
.........................
ငါ့ကို ရော ချစ်သေးလား..........?
ငါ တကယ် မသိခဲ့လို့..
နင်မညာ ခဲ့ဘူးဆိုတာ ငါယုံပါတယ်
ဒါပေမယ့်...........
ငါ့ကိုဘယ်တော့မှ အမှန်ပြောလိမ့်မယ်လို့
ငါမထင်ခဲ့ ဘူး...
နင်မရှုပ်ခဲ့ ဘူးဆိုတာ ငါယုံပါတယ်
ဒါပေမယ့်.......
နင်ဘယ်တော့မှ ရှင်းရှင်းလင်းလင်းမနေခဲ့ဖူးဆိုတာ
ငါမသိခဲ့ဘူး...။
နင်ဟန်မဆောင်တတ်ဘူးဆိုတာ ငါယုံပါတယ်
ဒါပေမယ့်........
ငါဘယ်တော့မှ နင်ဟန်ဆောင်တာကို
မရိပ်မိခဲ့ ဘူး...။
နင့်မှာ ချစ်တတ်တဲ့ စိတ်ရှိတာ ငါယုံပါတယ်
ဒါပေမယ့်....
နင်ချစ်တာကို ငါဘယ်တော့မှ
မရခဲ့ ရပါဘူး......။
နင်တစ်နေ့တော့ လွမ်းခွဲမှာ ငါယုံပါတယ်
ဒါပေမယ့်.......
ငါ့ကို မေ့ခဲ့မယ်လို့တော့
ငါမသိခဲ့ ပါဘူး.....။
နောက်ဆုံး...........................
နင်.................ငါ.....
ငါတကယ်မသိခဲ့ ပါဘူး
နင့်မှာ ငါ့ထက် ချစ်ရတဲ့ လူရှိတာကိုလေ... :)
ဒါပေမယ့်...........
ငါ့ကိုဘယ်တော့မှ အမှန်ပြောလိမ့်မယ်လို့
ငါမထင်ခဲ့ ဘူး...
နင်မရှုပ်ခဲ့ ဘူးဆိုတာ ငါယုံပါတယ်
ဒါပေမယ့်.......
နင်ဘယ်တော့မှ ရှင်းရှင်းလင်းလင်းမနေခဲ့ဖူးဆိုတာ
ငါမသိခဲ့ဘူး...။
နင်ဟန်မဆောင်တတ်ဘူးဆိုတာ ငါယုံပါတယ်
ဒါပေမယ့်........
ငါဘယ်တော့မှ နင်ဟန်ဆောင်တာကို
မရိပ်မိခဲ့ ဘူး...။
နင့်မှာ ချစ်တတ်တဲ့ စိတ်ရှိတာ ငါယုံပါတယ်
ဒါပေမယ့်....
နင်ချစ်တာကို ငါဘယ်တော့မှ
မရခဲ့ ရပါဘူး......။
နင်တစ်နေ့တော့ လွမ်းခွဲမှာ ငါယုံပါတယ်
ဒါပေမယ့်.......
ငါ့ကို မေ့ခဲ့မယ်လို့တော့
ငါမသိခဲ့ ပါဘူး.....။
နောက်ဆုံး...........................
နင်.................ငါ.....
ငါတကယ်မသိခဲ့ ပါဘူး
နင့်မှာ ငါ့ထက် ချစ်ရတဲ့ လူရှိတာကိုလေ... :)
ရုပ်ကြွင်း တစ်ခု အရှုံးတစ်ခု
မှန်းထားသမျှ ဒဏ်ရာ ရပဲ
.........ခဲလေသမျှလည်း အသည်းကြွေကျလို့....။
ဘယ်တော့ ငါ့ကို ခွဲသွားမလဲ...
...ဘယ်တော့ ငါ့ကို ပစ်သွားမလဲ
........ဘယ်တော့ငါ့ကို မုန်းသွားမလဲ
...............ဘယ်တော့ ငါ့ကို ညာသွားမလဲ
အမြဲ အမြဲ တွေးတိုင်း
ငါ့ရင် ဘတ် တစ်ခြမ်းမှာ
တလှပ်လှပ်နဲ့ ၀မ်းနည်းခဲ့ရတာ
ပြောပြရင်တော့ ဒါဟာ ပုံပြင်လိုလိုပါပဲ.....။
မဆုံးသေးတဲ့ ရင်ခုန်သံတစ်ခွန်းကို
...ဝေးဝေးကနေ ခပ်တိုးတိုး နားထောင်လိုက်ရတယ်
........အနားရောက်မှ မူမမှန်ခဲ့မှန်းသိရတာ
...............အလိမ်အညာတော့ မဟုတ်လောက်ပါ
သူမပြောခဲ့တာ ပါ...။
ရိုးရှင်းလှတဲ့ ဘ၀စစ် တစ်ခုကိုရဖို့
...ပေးဆပ်ခဲ့ရ နှလုံးသား တစ်ကျွန်း
.....ရင်တွင်းဖြစ် သံစဉ်တွေနဲ့ အတူ
ဝမ်းနည်းရတဲ့ ညနက်တွေကို ဖြတ်လို့
သူ့အတွက် အချစ်ချို ချိုတွေပဲ ပေးခဲ့တာပါ....။
မုန်းရင်လည်း မုန်းပါစေ
.......ပြုံးမပြရင်လည်း
သူနဲ့ဆို အမြဲ အရှုံးခံခဲ့တာပါ........
အခုတော့........
ူသူ့စီက ဆုလာတ် တစ်ခု ရခဲ့ပါပြီ
ချဉ်စပ် ...ချဉ်စပ်
........တကယ့်ကို ချဉ်ချဉ် စပ်စပ်လေး စားခဲ့ရတာ
ဒါပေမယ့် သူကျေနပ်မယ်ဆိုရင်
..ကျတော် ချဉ်စပ်လေးပဲ စားလိုက်ပါတော့မယ်...။
.........ခဲလေသမျှလည်း အသည်းကြွေကျလို့....။
ဘယ်တော့ ငါ့ကို ခွဲသွားမလဲ...
...ဘယ်တော့ ငါ့ကို ပစ်သွားမလဲ
........ဘယ်တော့ငါ့ကို မုန်းသွားမလဲ
...............ဘယ်တော့ ငါ့ကို ညာသွားမလဲ
အမြဲ အမြဲ တွေးတိုင်း
ငါ့ရင် ဘတ် တစ်ခြမ်းမှာ
တလှပ်လှပ်နဲ့ ၀မ်းနည်းခဲ့ရတာ
ပြောပြရင်တော့ ဒါဟာ ပုံပြင်လိုလိုပါပဲ.....။
မဆုံးသေးတဲ့ ရင်ခုန်သံတစ်ခွန်းကို
...ဝေးဝေးကနေ ခပ်တိုးတိုး နားထောင်လိုက်ရတယ်
........အနားရောက်မှ မူမမှန်ခဲ့မှန်းသိရတာ
...............အလိမ်အညာတော့ မဟုတ်လောက်ပါ
သူမပြောခဲ့တာ ပါ...။
ရိုးရှင်းလှတဲ့ ဘ၀စစ် တစ်ခုကိုရဖို့
...ပေးဆပ်ခဲ့ရ နှလုံးသား တစ်ကျွန်း
.....ရင်တွင်းဖြစ် သံစဉ်တွေနဲ့ အတူ
ဝမ်းနည်းရတဲ့ ညနက်တွေကို ဖြတ်လို့
သူ့အတွက် အချစ်ချို ချိုတွေပဲ ပေးခဲ့တာပါ....။
မုန်းရင်လည်း မုန်းပါစေ
.......ပြုံးမပြရင်လည်း
သူနဲ့ဆို အမြဲ အရှုံးခံခဲ့တာပါ........
အခုတော့........
ူသူ့စီက ဆုလာတ် တစ်ခု ရခဲ့ပါပြီ
ချဉ်စပ် ...ချဉ်စပ်
........တကယ့်ကို ချဉ်ချဉ် စပ်စပ်လေး စားခဲ့ရတာ
ဒါပေမယ့် သူကျေနပ်မယ်ဆိုရင်
..ကျတော် ချဉ်စပ်လေးပဲ စားလိုက်ပါတော့မယ်...။
ငါ နင့်ကိုချစ်တယ်
လေပြေ က မာနတွေနဲ့တိုက်
.......ရိုက်ခတ် မှုက ခပ်ပြုံးပြုံးနဲ့
...............နှလုံးသားတစ်ခုရဲ့ ပြပွဲက
အချစ်ကို......
ဈေးပေါပေါ နဲ့ လေလံတင်ခဲ့တော့
ဘယ်ဘက် ရင်ခွင် တံတိုင်းမှာ
........ရှုံးနိမ့် ခြင်းက ကြက်ခြေခတ်ပြနေပေမယ့်
ငါနင့်ကို ချစ်တာ သေချာနေပါရဲ့.......။
သမားရိုးကျ တစ်ခုပါပဲ
.......ဘ၀သံသရာ မျက်လှည့်ဆရာရဲ့
..............အသုံးပြုခံ လက်အိတ်တစ်ခုလို
ပထ၀ီမြေကြီးကို သက်သေထားလို့
ငါနင့်ကို ချစ်တဲ့အကြောင်း......
...မိုးကုပ် စက်ဝိုင်း ကြီးကို
..................အကာအကွယ်လုပ်ပီး ပြောလိုက်ချင်ရဲ့.....။
ငိုတဲ့လူက ...ငို
ရယ်တဲ့ လူက...ရယ်လို့
ပေတရာပေါ်က ထွက်လာတဲ့
လောက ဘ၀ရိုက်ခတ်သံ တွေရဲ့
........စူးရှငို ရှိုက်သံတွေနဲ့ အတူ
...........ငါနင့်ကို ချစ်တယ်ဆိုတာ
ထပ်ပြောလိုက်ချင်ပါသေးရဲ့......။
အင်း...ဟုတ်တယ်..!!!
.....................ငါနင့်ကို ချစ်ပါတယ်
.......ရိုက်ခတ် မှုက ခပ်ပြုံးပြုံးနဲ့
...............နှလုံးသားတစ်ခုရဲ့ ပြပွဲက
အချစ်ကို......
ဈေးပေါပေါ နဲ့ လေလံတင်ခဲ့တော့
ဘယ်ဘက် ရင်ခွင် တံတိုင်းမှာ
........ရှုံးနိမ့် ခြင်းက ကြက်ခြေခတ်ပြနေပေမယ့်
ငါနင့်ကို ချစ်တာ သေချာနေပါရဲ့.......။
သမားရိုးကျ တစ်ခုပါပဲ
.......ဘ၀သံသရာ မျက်လှည့်ဆရာရဲ့
..............အသုံးပြုခံ လက်အိတ်တစ်ခုလို
ပထ၀ီမြေကြီးကို သက်သေထားလို့
ငါနင့်ကို ချစ်တဲ့အကြောင်း......
...မိုးကုပ် စက်ဝိုင်း ကြီးကို
..................အကာအကွယ်လုပ်ပီး ပြောလိုက်ချင်ရဲ့.....။
ငိုတဲ့လူက ...ငို
ရယ်တဲ့ လူက...ရယ်လို့
ပေတရာပေါ်က ထွက်လာတဲ့
လောက ဘ၀ရိုက်ခတ်သံ တွေရဲ့
........စူးရှငို ရှိုက်သံတွေနဲ့ အတူ
...........ငါနင့်ကို ချစ်တယ်ဆိုတာ
ထပ်ပြောလိုက်ချင်ပါသေးရဲ့......။
အင်း...ဟုတ်တယ်..!!!
.....................ငါနင့်ကို ချစ်ပါတယ်
အဖြည့်ခံ ကြယ်စင်
နှလုံးသား ကွဲအက်
..........ပေးဆပ်ရတဲ့ အရှုံးပွဲတစ်ခုမှာ
ငါ...လူမုန်းခံပီး နင့်ကို ချစ်ခဲ့တာပါ....။
ဝေးဝေးကနေ လက်ယပ်ခေါ်နေပေမယ့်
.......မြင်သာ မြင်ရ မကြင်ရတဲ့
..............ငါ့ဘ၀ရဲ့ ဒဿန တစ်ခုကို
နင့်သီအိုရီ တွေနဲ့ တွက်ချက်လိုက်ပါတော့....။
နင်ဆုတွေ ပြည့်ဝဖို့
......နင်ပျော်ရာစေ နင်လိုရာခိုင်းမယ့်
................ကောင်းကင်က ကြယ်တစ်စင်း
...........ငါဖြစ်ခဲ့မယ်ဆိုရင်
နင်နဲ့ ဝေးဝေးမှာပဲ
ငါသာ ယာပေးခဲ့ မှာပါ.......
ဘာလို့လည်းဆိုတော့..............
.........နင့်အတွက် ငါ့ထက်သာတဲ့ နေမင်းကြီးရှိနေတာပဲ
.................ငါမှ မလိုတော့တာ
ဒီအတိုင်း လေးပဲ အလိုက်တသိ
.........ငါခေါင်းလေးငုံ့ လို့ ရုန်းထွက်သွားပါတော့မယ်
........................နေခဲ့ လိုက်တော့ ချစ်သူရယ်
ငါပေးဆပ်ခဲ့ သမျှ ဟာလည်း...
.............အကြံ မဖန် မပါတဲ့ အမှန်အကန်ပဲမို့
..................နင်ဒဏ်ရာတွေ ရခဲ့မယ်ဆိုရင်
ငါပေးခဲ့ဖူးတဲ့ ကဗျာဟောင်းလေးတွေကို
ဖတ်ကြည့်လိုက်ပါ.......
...................နင့်အတွက် အလွမ်းပြေ ပါစေလို့
ငါ့အချစ်တွေ ကဗျာထဲမှာ
တောင်း ဆုပြုထားခဲ့ပါတယ် ချစ်သူ........
........................
ဝေးဝေးမှာပဲ ငါသာယာပါတော့မယ်ကွယ်.....။
Tuesday, March 13, 2012
ချစ်သူသိပါစေ..!!
နှလုံးသားရဲ့ ကြယ်တစ်စင်းလင်းတဲ့
. .ကောင်းကင် ယံထက်က
. အနမ်း တစ်ပွင့် ကြွေတဲ့ည..
......အဝေးတစ်နေရာက ပြုစားလိုက်တဲ့
..............ကဝေပျို နတ်သမီးရဲ့...
အရိပ်အယောင်ကို
အိပ်မက်ထဲမှာ ၀ါးတားတားနဲ့ မြင်တွေ့ခဲ့ရတယ်..။
...........အလှမ်းကွာ ဝေးနေတဲ့...
ပန်းတစ်ပွင့် ရဲ့ အနမ်းကို
တမ်းတမ်း တတ နဲ့ လှမ်းမျှော်ချိန်
.....ပျော်ရွှင် ကြည်နူးခြင်းနှင့်
................ကန္တာရမှာ အချစ်မိုးတွေ သည်းလို့
ဂုဏ်ဓနတွေ တွေ့ခဲ့ ရမှ
လှမ်းလို့ မမှီတဲ့
........အလွမ်းယောင် ပန်းလေးတစ်ပွင့် ဆိုတာ
ငါသိခဲ့ရတယ်............... ။
လမင်းတစ်စင်း တောက်ပဖို့အတွက်
အလင်းရောင်တွေ ပေးနေတဲ့
........ကြယ်တစ်စင်း ရဲ့ ချစ်ခြင်းမေတ္တာတွေလည်း
...............နေ၀င် ချိန်ကို မှန်းမျှော်လို့
နောက်ဆုံးမှာ.......မှေးမှိ န်ခဲ့ရတော့
တောင်းဆုတွေ ခြွေ
အလွမ်းတွေ တနင့် တပိုး နဲ့ ကြွေမွခဲ့ရတဲ့
........ဒဏ္ဍာရီ ဟောင်းရဲ့ ပုံပြင်လေးအတိုင်းပဲ
ငါတစ်ယောက်တည်းအထီးကျန်ခဲ့ရ တယ်...။
ဒါပေမယ့်လည်း..........!!!
.... ငါ ချစ်ခဲ့တာ လမင်းလေးသိပါစေလို့.......
.......................... ............တောင်းဆုပြုနေခဲ့ပါတယ်..။
. .ကောင်းကင် ယံထက်က
. အနမ်း တစ်ပွင့် ကြွေတဲ့ည..
......အဝေးတစ်နေရာက ပြုစားလိုက်တဲ့
..............ကဝေပျို နတ်သမီးရဲ့...
အရိပ်အယောင်ကို
အိပ်မက်ထဲမှာ ၀ါးတားတားနဲ့ မြင်တွေ့ခဲ့ရတယ်..။
...........အလှမ်းကွာ ဝေးနေတဲ့...
ပန်းတစ်ပွင့် ရဲ့ အနမ်းကို
တမ်းတမ်း တတ နဲ့ လှမ်းမျှော်ချိန်
.....ပျော်ရွှင် ကြည်နူးခြင်းနှင့်
................ကန္တာရမှာ အချစ်မိုးတွေ သည်းလို့
ဂုဏ်ဓနတွေ တွေ့ခဲ့ ရမှ
လှမ်းလို့ မမှီတဲ့
........အလွမ်းယောင် ပန်းလေးတစ်ပွင့် ဆိုတာ
ငါသိခဲ့ရတယ်...............
လမင်းတစ်စင်း တောက်ပဖို့အတွက်
အလင်းရောင်တွေ ပေးနေတဲ့
........ကြယ်တစ်စင်း ရဲ့ ချစ်ခြင်းမေတ္တာတွေလည်း
...............နေ၀င် ချိန်ကို မှန်းမျှော်လို့
နောက်ဆုံးမှာ.......မှေးမှိ
တောင်းဆုတွေ ခြွေ
အလွမ်းတွေ တနင့် တပိုး နဲ့ ကြွေမွခဲ့ရတဲ့
........ဒဏ္ဍာရီ ဟောင်းရဲ့ ပုံပြင်လေးအတိုင်းပဲ
ငါတစ်ယောက်တည်းအထီးကျန်ခဲ့ရ
ဒါပေမယ့်လည်း..........!!!
.... ငါ ချစ်ခဲ့တာ လမင်းလေးသိပါစေလို့.......
..........................
Sunday, March 11, 2012
♥...အသဲကွဲ လမ်းစဉ်..♥
♥...အသဲကွဲ လမ်းစဉ်..♥
အစိမ်းသက်သက် ပါပဲ
......ကြေကွဲခဲ့ရတဲ့ ငါ့နှလုံးသားမှာ
ပုံမဖော်နိုင်တဲ့ ပန်းချီကားတစ်ချပ်ကို
... . ... တရှိုက်မတ်မတ်နဲ့ ရေးဆွဲခဲ့ပြီးမှ
နောက်ဆုံးတော့
.. .........ကွဲအက်ကြေမွခဲ့ရတယ်...။
အောင်နိုင်ခြင်းနဲ့ အနိုင်ယူ ဖို့အတွက်
အချစ်ရေးမှာ စင်ကြယ်ခြင်းတွေ
.............. ဖိတ်ခေါ်လို့
. ........ ၀မ်းမြောက် ၀မ်းသာ ကြိုဆိုခဲ့ဖူးပါတယ်..။
မငြိုငြင် ခဲ့ပါဘူး
ဝမ်းနည်းရတဲ့ စကားတွေ ကြားရရင်တောင်
. .........နှလုံးမှာ အချစ်စိတ်ကြောင့်
ဖြေသိမ့်လို ကြိတ်မှိတ်ခဲ့တာ...။
.......... ငါ့အတွက် အချိန်မပေးနိုင်ရင်တောင်
ပြုံးပြလို့ ခေါင်းငြိမ့်ပြရင်ပဲ
. ...... ငါကျေနပ် ခဲ့တာပါ....။
ဒါပေမယ့်...
..............နောက်ဆုံးတော့...
. အသဲကွဲခြင်းရဲ့ လမ်းစဉ်အတိုင်းပါပဲ
. ဒီအတိုင်လေးပဲ ဆင်းလာခဲ့တယ်...။
ဟုတ်ပါတယ် ...ဒီအတိုင်းလေးပဲ ဆင်းလာခဲ့ရတယ်....။
အစိမ်းသက်သက် ပါပဲ
......ကြေကွဲခဲ့ရတဲ့ ငါ့နှလုံးသားမှာ
ပုံမဖော်နိုင်တဲ့ ပန်းချီကားတစ်ချပ်ကို
... . ... တရှိုက်မတ်မတ်နဲ့ ရေးဆွဲခဲ့ပြီးမှ
နောက်ဆုံးတော့
.. .........ကွဲအက်ကြေမွခဲ့ရတယ်...။
အောင်နိုင်ခြင်းနဲ့ အနိုင်ယူ ဖို့အတွက်
အချစ်ရေးမှာ စင်ကြယ်ခြင်းတွေ
.............. ဖိတ်ခေါ်လို့
. ........ ၀မ်းမြောက် ၀မ်းသာ ကြိုဆိုခဲ့ဖူးပါတယ်..။
မငြိုငြင် ခဲ့ပါဘူး
ဝမ်းနည်းရတဲ့ စကားတွေ ကြားရရင်တောင်
. .........နှလုံးမှာ အချစ်စိတ်ကြောင့်
ဖြေသိမ့်လို ကြိတ်မှိတ်ခဲ့တာ...။
.......... ငါ့အတွက် အချိန်မပေးနိုင်ရင်တောင်
ပြုံးပြလို့ ခေါင်းငြိမ့်ပြရင်ပဲ
. ...... ငါကျေနပ် ခဲ့တာပါ....။
ဒါပေမယ့်...
..............နောက်ဆုံးတော့...
. အသဲကွဲခြင်းရဲ့ လမ်းစဉ်အတိုင်းပါပဲ
. ဒီအတိုင်လေးပဲ ဆင်းလာခဲ့တယ်...။
ဟုတ်ပါတယ် ...ဒီအတိုင်းလေးပဲ ဆင်းလာခဲ့ရတယ်....။
အနံကြီး ကွင်းကျယ်..
ဘယ်သူပြောလည်း
....ကဗျာရေးရင် အချစ်ကြောင်းပဲရေးရမယ်လို့
ဘယ်သူ ကြားဖူလည်း
... သူတောင်းစားက နိုင်ငံတော်သီချင်းမဆိုကောင်းဘူးလို့
......... ......
ဘောင်မခတ်ပါနဲ့ ကွာ
မင်းရှိနေလို့ ငါတို့ရှိနေတဲ့
ဟောဒီ ဘဲဥပုံ ကမ္ဘာကြီးက
.........မင်းအပေါ်စည်းက ပြောတတ်ဖို့
. လည်ပတ်နေတာ မဟုတ်ဘူး
ငါကာ ရံ နဲ့ ငါရေးနေတာ
. မင်းအဖေတွေ ဖားပီးတော့..
ငါ့ကို စကားလုံး မှိုင်းတွေ ပစ်တော့ မလို့လား
..........ဟဟဟဟဟဟ...
. မုန့်လုံးကို စက္ကူကပ်
ရွှေဖလား ကြာဖလားနဲ့ ဆွမ်းတော်တင်တိုင်း
ကုသို လ် ရမယ်ထင်သလား
ဂျာအေးကို သူ့အမေရိုက်တာ
ဟိုးရှေးခတ်ကစ ပြောင်းလို့မရတဲ့
. စာဆိုတစ်ခုဆို တာ မင်းမသိလို့လား...
ပြာယီးပြာယာ နဲ့ လူလယ်မှာ
ဆရာမကြီး ဆရာကြီးစတိုင်နဲ့လုပ်တော့
ပျား...ပျား တုပ်တာ နည်းနေအုံးမလား
. မရှိတဲ့ အရှက်ကြီးကို တကိုင်ကိုင်နဲ့
ပုဆိုးကြီးနဲ့ ထုပ်ပီး ထပ်မကွဲချင်ရင်တော့
...... ငါ့ ရှေ့ က ဖြတ်မလျှောက်နဲ့......
. ငါမှားတယ်ဆို ပီးလည်း
. လက်ညှိုးလာထိုးရင်တော့
မင်းခုတ်လိုက်တဲ့ သစ်ပင်ကြောင့်
ကျလာတဲ့ အိုဇုန်းလွှာ က အပူဒဏ်တောင်
. နောက်ဆုံး....
. မင်းခေါင်းပေါ် ကို ကျမှာပဲ.....
လိုရင်းတိုရှင်းပဲပြောမယ်ကွာ
ဒါဝမ်းသာစရာ မဟုတ်ဘူး
မှတ်ထားလိုက်.....
. အခု ငါပြောနေတာ မင်းကြားလား
မကြားရင် မင်းနားကန်းနေလို့ပဲ
... သွားတော့ကွာ ရှုပ်တယ် မြောင်းထဲ.....။
..ကြကွဲ ဇာတ်....!!
တိုးတိုးလေးပါပဲ
ငါကြေကွဲ ခဲ့ရ.....
နှလုံးသား တစ်စုံရဲ့ ပေးဆပ်မှုအတိုင်း
မျော်လင့်ချက်တွေ ဝေး၀ါးလို့
ဘ၀နဲ့ ရင်းလိုက်ရတဲ့
အချစ်တစ်ခုရဲ့ ပြဇာတ်ထဲ
ဇာတ်ပို့ နေရာမှာ ငါ ၀င်ခဲ့ရတယ်
နောက်ဆုံးတော့.....
ကြေ ကွဲ ခဲ့ ရ တာ
...............................................//
...............တကယ့်ကို တိုး တိုးလေး ပါ ပဲလေ...!!!
ငါကြေကွဲ ခဲ့ရ.....
နှလုံးသား တစ်စုံရဲ့ ပေးဆပ်မှုအတိုင်း
မျော်လင့်ချက်တွေ ဝေး၀ါးလို့
ဘ၀နဲ့ ရင်းလိုက်ရတဲ့
အချစ်တစ်ခုရဲ့ ပြဇာတ်ထဲ
ဇာတ်ပို့ နေရာမှာ ငါ ၀င်ခဲ့ရတယ်
နောက်ဆုံးတော့.....
ကြေ ကွဲ ခဲ့ ရ တာ
...............................................//
...............တကယ့်ကို တိုး တိုးလေး ပါ ပဲလေ...!!!
Saturday, March 10, 2012
နေ့ ရက်များစွာ
လွမ်းတယ်လို့ မပြောတော့ဘူး ချစ်သူရယ်
ဝမ်းနည်းရတာ ငါတစ်ယောက်တည်းဆိုတော့
နင် မသိလည်း နင့်ကိုချစ်တဲ့ ...ငါ
ရှိနေသေးပါလားဆိုတာ ပြောပြမပြတော့ပါဘူး
အထီးကျန်လို့လည်း မဟုတ်ပါဘူးဟာ
ငါ့အချစ်က နင့်အတွက် အမြတ်မရှိရင်တောင်
တစ်ခဏလေးတော့ ပျော်ရွင်ခဲ့ မှာပါ
တစ်ဘ၀စာ ပေးဆပ်ဖို့အတွက်
ငါ့မာန တွေ ခ၀ါချထားပြီးသားပါ
နင် ချစ်နေတဲ့ အသစ်ကလေးတွေလောက်
ရင်ခုန်ဖို့ မကောင်းတော့ပေမယ့်
နင့်အတွက်တော့ အရာရာပေးဆပ်ဖို့အသင့်ပါ
ထပ်ပြီးပြောရရင်တော့ ဟာ
ဟိုး....အဝေတစ်နေရာမှာ
နင့်ကို ချစ်တဲ့ ကောင်လေးတစ်ယောက်ရှိနေတယ်ဆိုတာ
...................သတိရပေးပါ......
အမှန် အကန်လေးပါ
♥ရိုးရိုးလေးပါပဲ
ဝမ်းနည်းစရာ
တစ်ခန်းရပ် ပုံပြင်လေးပါ
လမ်းခွဲမယ် ပြောတော့မှ
လွမ်းရတဲ့ မျက်ရည်တွေက
စမ်းတ၀ါးဝါးနဲ့ ထွက်လာတာ
တခမ်းတနား နဲ့ ကြိုဆိုလို့..♥
♥အွန်လိုင်းမှာ အမှတ်တမဲ့တွေ့ခဲ့ပေမယ့်
အမှတ်တမဲ့ ကနေ ထာဝရဖြစ်သွားတဲ့
တစ်ခဏတာ ချစ်သူလေးပါ
ဘ၀ပေးမကောင်းလို့
သူနဲ့အတူ အရောင်လှလှလေးတွေ မခြယ်နိုင်ခဲ့ပေမယ့်
ရင်ထဲမှာတော့ သူအတွက် နေရာအပြည့်ပါပဲ...♥
♥အခုတော့ပြီးဆုံးသွားပါပီ...
လွမ်းရတဲ့ ညတွေကိုရေတွက်ရင်း
အလွမ်းသင့်ခဲ့တဲ့ ငါ့ရဲ့ အချစ်ကို
တိတ်ဆိတ်လှတဲ့ ညတစ်ညမှာ
မှန်းဆလို့ တမ်းတရင်း
လမ်းခွဲ ခဲ့ ရပါပြီ...
ဝမ်းနည်းမိပါတယ်ကောင်မလေးရယ်..♥
♥မင်းနဲ့စတွေ့ ခဲ့တဲ့ အချိန်တွေကို
ပြန်တွေးတိုင်း လည်း
ငါ့ရဲ့ ဘယ်ဘက် ရင်ခွင်တံတိုင်းမှာ
လှိုင်းထန်လို့ အထီးကျန်နေခဲ့ပါပြီ...
မင်းက တော့မသိရှာပေမယ့်
တကယ်ချစ်မိတဲ့ ငါ့မှာတော့
ဖွင့်မပြောဘဲ မနေနိုင်လို့
ယိုင်ထွက်ခဲ့တဲ့ ငါ့နှလုံးသားရဲ့ ဆွံ့အ မှုကို
လှောင်ရယ်ခဲ့တော့လည်း
ဘာလိုလိုနဲ့ အသည်းကွဲခဲ့တဲ့
ညလေးတစ်ညကို ဖြတ်ကျော်ခဲ့ပါပြီ...♥
သြော်...........♥...♥
ရိုးရိုးလေးပဲ ပြီးဆုံးခဲ့ ပါပြီကောင်မလေးရေ...
ကံအခြေ မပေးလို့ ဝေးခဲ့ပေမယ့်
လွမ်းစရာ လေတွေ ငါလွမ်းခဲ့ပြီးလို့
လမ်းမှာတွေ့ရင် နည်းနည်းလေးပဲ ပြုံးပြပေးပါ
ငါချစ်ခဲ့တဲ့ အမှတ်တရ လေးဖြစ်ချင်လို့ပေါ့.....♥..♥
ဝမ်းနည်းစရာ
တစ်ခန်းရပ် ပုံပြင်လေးပါ
လမ်းခွဲမယ် ပြောတော့မှ
လွမ်းရတဲ့ မျက်ရည်တွေက
စမ်းတ၀ါးဝါးနဲ့ ထွက်လာတာ
တခမ်းတနား နဲ့ ကြိုဆိုလို့..♥
♥အွန်လိုင်းမှာ အမှတ်တမဲ့တွေ့ခဲ့ပေမယ့်
အမှတ်တမဲ့ ကနေ ထာဝရဖြစ်သွားတဲ့
တစ်ခဏတာ ချစ်သူလေးပါ
ဘ၀ပေးမကောင်းလို့
သူနဲ့အတူ အရောင်လှလှလေးတွေ မခြယ်နိုင်ခဲ့ပေမယ့်
ရင်ထဲမှာတော့ သူအတွက် နေရာအပြည့်ပါပဲ...♥
♥အခုတော့ပြီးဆုံးသွားပါပီ...
လွမ်းရတဲ့ ညတွေကိုရေတွက်ရင်း
အလွမ်းသင့်ခဲ့တဲ့ ငါ့ရဲ့ အချစ်ကို
တိတ်ဆိတ်လှတဲ့ ညတစ်ညမှာ
မှန်းဆလို့ တမ်းတရင်း
လမ်းခွဲ ခဲ့ ရပါပြီ...
ဝမ်းနည်းမိပါတယ်ကောင်မလေးရယ်..♥
♥မင်းနဲ့စတွေ့ ခဲ့တဲ့ အချိန်တွေကို
ပြန်တွေးတိုင်း လည်း
ငါ့ရဲ့ ဘယ်ဘက် ရင်ခွင်တံတိုင်းမှာ
လှိုင်းထန်လို့ အထီးကျန်နေခဲ့ပါပြီ...
မင်းက တော့မသိရှာပေမယ့်
တကယ်ချစ်မိတဲ့ ငါ့မှာတော့
ဖွင့်မပြောဘဲ မနေနိုင်လို့
ယိုင်ထွက်ခဲ့တဲ့ ငါ့နှလုံးသားရဲ့ ဆွံ့အ မှုကို
လှောင်ရယ်ခဲ့တော့လည်း
ဘာလိုလိုနဲ့ အသည်းကွဲခဲ့တဲ့
ညလေးတစ်ညကို ဖြတ်ကျော်ခဲ့ပါပြီ...♥
သြော်...........♥...♥
ရိုးရိုးလေးပဲ ပြီးဆုံးခဲ့ ပါပြီကောင်မလေးရေ...
ကံအခြေ မပေးလို့ ဝေးခဲ့ပေမယ့်
လွမ်းစရာ လေတွေ ငါလွမ်းခဲ့ပြီးလို့
လမ်းမှာတွေ့ရင် နည်းနည်းလေးပဲ ပြုံးပြပေးပါ
ငါချစ်ခဲ့တဲ့ အမှတ်တရ လေးဖြစ်ချင်လို့ပေါ့.....♥..♥
နှုတ်ခမ်းသား အလွမ်း
#..မမြင်နိုင်တဲ့ ကံကြမ္မာက
သင်းပျံ့ နေတဲ့
ပန်းတစ်ပွင်ရဲ့ ပါးကို
လာနမ်း ရှိုက်တဲ့ည
... အိပ်မော ကျနေတဲ့
နှလုံးသား ရင်ခွင်တံခါးကိုခေါက်ပြီး
မာန်နတ်မင်းသမီးရဲ့
အသည်းကြွေဆေးကို
ခွင့်ကျွေးလိုက်တာ
.....အလွမ်းဟာ
မိတ်ဆွေဖွဲ့ဖို့ အလည်ရောက်လာခဲ့တယ်.....
#..အသက်နဲ့အမျှ ချစ်ရတဲ့
သန်းခေါင်ယံ လမင်းဖြူရဲ့ အရိပ်
သိပ်ဖြစ်ချင်လှတယ်ဆိုပေမယ့်
မညီမျှခြင်းရဲ့ တစ်ဖက်မှာ
အချစ်ရဲ့ ကိန်းဂဏန်းတွေ သိပ်များနေတော့
လိုက်လို့ မမှီတဲ့
ဟိုး........မိုးကုပ်စ၀ိုင်းခြမ်းဆီက
နှလုံးသား ကို ပျက်ရယ်ပြုဖို့
လက်ယပ် ခေါ်နေလေရဲ့...........။
#..ပန်းတစ်ပွင်. ဆောင်
အလွမ်းရောင် ခပ်သင်းသင်းနဲ့
အက်ကြောင်းထ အလွမ်းဆက်တွေ
အဖျားတက်တဲ့ ညချမ်းမှာ
နှုတ်ခမ်းပါ တစ်စုံရဲ့ အနမ်းကို
ကမ်းလှမ်းယူလိုက်သလိုပဲ
မင်းအကြောင်းကို စဉ်းစားရင်း
ညဥ့်လည်း နက်ခဲ့ ရပါပြီချစ်သူ..။
#..မင်းလှည့်စားလိုက်တ့
ဂမ္ဘီရ ဆေးစုပ်ချက်တွေအောက်မှာ
ငါ့အလွမ်းတွေ အမောဖောက်လာလို့
နောက်တစ်ခါ ငါ့ကိုတွေ့ရင်
လမ်းခွဲမယ် မပြောပါနဲ့တော့
ကြိုမသိနိုင်တဲ့ ကံကြမ္မာရဲ့
ပြောင်းလဲမှုအောက်မှာ
လွင့်ကျသွားတဲ့ အလွမ်းတွေကို
လိုက်ကောက်ရင်း
ငါ့အချစ်လည်း မင်းနဲ့တွေ့မှ
နေ့စေ့လစေ့ မွေးဖွားခဲ့တယ်ဆိုတာ
ယုံလိုက်ပါတော့ ချစ်သူရယ်......။
သင်းပျံ့ နေတဲ့
ပန်းတစ်ပွင်ရဲ့ ပါးကို
လာနမ်း ရှိုက်တဲ့ည
... အိပ်မော ကျနေတဲ့
နှလုံးသား ရင်ခွင်တံခါးကိုခေါက်ပြီး
မာန်နတ်မင်းသမီးရဲ့
အသည်းကြွေဆေးကို
ခွင့်ကျွေးလိုက်တာ
.....အလွမ်းဟာ
မိတ်ဆွေဖွဲ့ဖို့ အလည်ရောက်လာခဲ့တယ်.....
#..အသက်နဲ့အမျှ ချစ်ရတဲ့
သန်းခေါင်ယံ လမင်းဖြူရဲ့ အရိပ်
သိပ်ဖြစ်ချင်လှတယ်ဆိုပေမယ့်
မညီမျှခြင်းရဲ့ တစ်ဖက်မှာ
အချစ်ရဲ့ ကိန်းဂဏန်းတွေ သိပ်များနေတော့
လိုက်လို့ မမှီတဲ့
ဟိုး........မိုးကုပ်စ၀ိုင်းခြမ်းဆီက
နှလုံးသား ကို ပျက်ရယ်ပြုဖို့
လက်ယပ် ခေါ်နေလေရဲ့...........။
#..ပန်းတစ်ပွင်. ဆောင်
အလွမ်းရောင် ခပ်သင်းသင်းနဲ့
အက်ကြောင်းထ အလွမ်းဆက်တွေ
အဖျားတက်တဲ့ ညချမ်းမှာ
နှုတ်ခမ်းပါ တစ်စုံရဲ့ အနမ်းကို
ကမ်းလှမ်းယူလိုက်သလိုပဲ
မင်းအကြောင်းကို စဉ်းစားရင်း
ညဥ့်လည်း နက်ခဲ့ ရပါပြီချစ်သူ..။
#..မင်းလှည့်စားလိုက်တ့
ဂမ္ဘီရ ဆေးစုပ်ချက်တွေအောက်မှာ
ငါ့အလွမ်းတွေ အမောဖောက်လာလို့
နောက်တစ်ခါ ငါ့ကိုတွေ့ရင်
လမ်းခွဲမယ် မပြောပါနဲ့တော့
ကြိုမသိနိုင်တဲ့ ကံကြမ္မာရဲ့
ပြောင်းလဲမှုအောက်မှာ
လွင့်ကျသွားတဲ့ အလွမ်းတွေကို
လိုက်ကောက်ရင်း
ငါ့အချစ်လည်း မင်းနဲ့တွေ့မှ
နေ့စေ့လစေ့ မွေးဖွားခဲ့တယ်ဆိုတာ
ယုံလိုက်ပါတော့ ချစ်သူရယ်......။
နည်းနည်းလေးပဲ လွမ်းနေလို့
♥..နွမ်းလျလျ ဖြစ်နေတဲ့
မနေ့တနေ့က ဇာတ်လမ်းလေးပါ
အိပ်ပျက်နေတဲ့ ညချမ်းလေးမှာ
ခပ်လှမ်းလှမ်းက ၀င်လာတဲ့
... ကောင်မလေးတစ်ယောက်ကို
တမ်းတမ်းတတဖြစ်နေမိလို့....♥
♥..သိပ်ပြီးတော့ မခမ်းနားပါဘူး
နှလုံးသားကန္တာရကျွန်းမှာ
နည်းနည်းလေးပဲ လမ်းသလားမိတာ
အခု ၀ဲတဲတဲလေးလွမ်းနေရလို့ပါ..♥
♥..စမ်းရေလိုပါပဲ
အေးမြလှတဲ့ သူ့အပြုံလေးက
ရင်ခုန်သံတွေကို ပြာကျစေလောက်တဲ့
နောက်ဆုံး နှုတ်ဆက်စကားလေးကို
သူပြောသွားလိုက်တာ
လွမ်းနေရတဲ့
တွံတေး သီချင်းလေးတောင်
ငါ့ကို ကြည့်ပြီးတော့
ဝမ်းနည်းပါတယ်ကောင်လေးရယ်တဲ့....
သြော်....
ငါ့အချစ်က သူ့အတွက် မခမ်းနားလို့ဖြစ်မှာပါလေ....♥See More
မနေ့တနေ့က ဇာတ်လမ်းလေးပါ
အိပ်ပျက်နေတဲ့ ညချမ်းလေးမှာ
ခပ်လှမ်းလှမ်းက ၀င်လာတဲ့
... ကောင်မလေးတစ်ယောက်ကို
တမ်းတမ်းတတဖြစ်နေမိလို့....♥
♥..သိပ်ပြီးတော့ မခမ်းနားပါဘူး
နှလုံးသားကန္တာရကျွန်းမှာ
နည်းနည်းလေးပဲ လမ်းသလားမိတာ
အခု ၀ဲတဲတဲလေးလွမ်းနေရလို့ပါ..♥
♥..စမ်းရေလိုပါပဲ
အေးမြလှတဲ့ သူ့အပြုံလေးက
ရင်ခုန်သံတွေကို ပြာကျစေလောက်တဲ့
နောက်ဆုံး နှုတ်ဆက်စကားလေးကို
သူပြောသွားလိုက်တာ
လွမ်းနေရတဲ့
တွံတေး သီချင်းလေးတောင်
ငါ့ကို ကြည့်ပြီးတော့
ဝမ်းနည်းပါတယ်ကောင်လေးရယ်တဲ့....
သြော်....
ငါ့အချစ်က သူ့အတွက် မခမ်းနားလို့ဖြစ်မှာပါလေ....♥See More
ဘ၀လား..ခဏလား..?
ဘ၀ ဘဝ
အလှ..အလှ..တွေထဲမှာ
နင့်ကို ခဏ ခဏ မေးဖူးပါတယ်
ငါ့ကိုချစ်သေးလားလို့...
... ဒါပေမယ့်......
အမှား အမှားတွေ နဲ့ ရင်ဆိုင်နေရတော့
မင်းသား...မင်းသား ခေါ်ရင်တောင်
နောက်ပြန်လှည့်မကြည့်နိုင်တဲ့
အပေ ...အတေ
ကလေ.. ကချေလေး တစ်ယောက်ပါ
ရိုး ရိုး သားသားနဲ့
ဦးဦးဖျားဖျား အသဲကွဲခဲ့တဲ့
12 နာရီ မကျော် တကျော် ညလေးကို
ပြန်မြင်ယောင်တိုင်း
ဒီရင်ခွင်မှာ ဟောင်လောင်းလောင်းနဲ့
ခေါင်းလောင်းထိုးရသလိုပဲ
ဒူဝေေ၀ နဲ့ မူးဝေနေပီ အချစ်ရယ်..
မူးဝေေ၀ နေတိုင်း
မူးယစ် လုပ်တယ် မထင်ပါနဲ့နော်
မမူးလည်း ရစ်တဲ့ ငါ့ အကျင့်ကို နင်လည်းသိတော့
အခုဖြစ်ဖြစ် အဖြေပေးလိုက်ပါလား
နင်ငါ့ကို ချစ်တယ်ဆိုတာ လူတိုင်းသိအောင်လေ...။
အလှ..အလှ..တွေထဲမှာ
နင့်ကို ခဏ ခဏ မေးဖူးပါတယ်
ငါ့ကိုချစ်သေးလားလို့...
... ဒါပေမယ့်......
အမှား အမှားတွေ နဲ့ ရင်ဆိုင်နေရတော့
မင်းသား...မင်းသား ခေါ်ရင်တောင်
နောက်ပြန်လှည့်မကြည့်နိုင်တဲ့
အပေ ...အတေ
ကလေ.. ကချေလေး တစ်ယောက်ပါ
ရိုး ရိုး သားသားနဲ့
ဦးဦးဖျားဖျား အသဲကွဲခဲ့တဲ့
12 နာရီ မကျော် တကျော် ညလေးကို
ပြန်မြင်ယောင်တိုင်း
ဒီရင်ခွင်မှာ ဟောင်လောင်းလောင်းနဲ့
ခေါင်းလောင်းထိုးရသလိုပဲ
ဒူဝေေ၀ နဲ့ မူးဝေနေပီ အချစ်ရယ်..
မူးဝေေ၀ နေတိုင်း
မူးယစ် လုပ်တယ် မထင်ပါနဲ့နော်
မမူးလည်း ရစ်တဲ့ ငါ့ အကျင့်ကို နင်လည်းသိတော့
အခုဖြစ်ဖြစ် အဖြေပေးလိုက်ပါလား
နင်ငါ့ကို ချစ်တယ်ဆိုတာ လူတိုင်းသိအောင်လေ...။
Subscribe to:
Posts (Atom)