Thursday, March 29, 2012

(၁၈)နှစ်အမှတ်တရ

ကမ္ဘာကြီးကကျယ်တယ်
နားခိုစရာနေရာကတော့ရှားမှရှား......
ကြယ်လေးတစ်ပွင့်ကြွေသွားတဲ့ညက
တိမ်မည်းကြီးရဲ့နောက်ကွယ်မှာ
လမင်းက တိတ်တိတ်လေးသက်ပြင်းချတယ်
မျှော်လင့်ခြင်းရဲ့ခြေတော်ရင်းက
ဖိနပ်ကြိုးလေးပြတ်ထွက်သွားချိန်
(၁၈)နှစ် ကောင်မလေးရဲ့နှလုံးသားမှာလဲ
ဒဏ်ရာတွေဗလပွဖြစ်သွားခဲ့လို့
(၁၈)နှစ် အမှတ်တရအဖြစ်
တစ်ဘ၀လုံးစားအတွက်
ပထမဆုံးသင်ခန်းစာကို
ဘ၀နဲ့ရင်းပြီးသင်ယူဖြစ်ခဲ့တယ်........(7-11-2010)

No comments:

Post a Comment

ဝေဖန်ချက်လေးရေးပေးပါ..