Sunday, April 1, 2012

နားလည်ပါ ချစ်သူ..

ခဏ ခဏ မေးနေတာ
မယုံလို့ မှ မဟုတ်တာ
ချစ်လွန်းလို့ သ၀န်တိုမိတာ
စိတ်ထားသေးသိမ်တယ် မထင်လိုက်ပါနဲ့

အွန်လိုင်းတက်တိုင်း စကားပြောချင်ပေမယ့်
နင် အားမှ အားရဲ့ လားမသိလို့
ငါ မပြောခဲ့တာ နင့်ကို မချစ်လို့မှ မဟုတ်တာ

စကားပြောရင် တင်းတင်းမာမာပြောတာ
မာန ကြီးလို့ မှ မဟုတ်တာ
ငါ့ကို အလေးမထားပဲ အချစ်တွေလျော့သွားမှာစိုးလို့

တစ်နေ့တစ်ခါ တွေ့လည်း
နင် နေကောင်း ရဲ့ လား မေးတာ
မသိလို့ မှ မဟုတ်တာ
နင် တကယ်ဖြစ်ခဲ့ ရင် ငါနှစ်သိမ့်ပေးဖို့ ပါ

ညစာ စားပီးလား မေးတာ
ငါ ကြွေးလို့မရ မှန်းသိပေမယ့်
အလမ်းကွာဝေးနေတဲ့ နင့်ကို
အားပေး ဖော် တစ်ယောက်လိုဖြစ်အောင်
ငါ........ နေပေးခဲ့ ချင်တာပါ
နှောက်ယှက်တယ် မထင် ပါနဲ့

သူငယ်ချင်းတွေ နဲ့ နောက်လို့
ငါ ၀မ်းနည်းတဲ့ အခါ
နင့် ကိုငြို ငြင်လို့ မှ မဟုတ်တာ
နင် ပစ်ပယ်မှာစိုးရိမ်း လွန်းလို့ ပါ...

နောက်တစ်ယောက်ရနေပီလားမေးချင်ပေမယ့်
နင်ကို့ မယုံကြည်မှုဖြစ်မှာစိုးလို့
ငါ..မမေးရက်ခဲ့တာ နင့်ကို ဂရုမစိုက်တာ မဟုတ်ပါဘူး

နားလည်ပေး နိုင်မလား
ဒါတွေ အားလုံး နင့်ကိုချစ်လို့ ပါ

4 comments:

  1. အဝေးရောက်ချစ်သူလေးကို ဖြေရှင်းချက်ပေးထားတဲ့ ကဗျာလေးပဲ...ကောင်းပါတယ်

    ReplyDelete
    Replies
    1. ကောင်မလေးကရော နင့်ဖြေရှင်းချက်ကိုလက်ခံရဲ့လား

      Delete
    2. မထင်ဘူး နောက်တစ်ယောက်နဲ့ဖြစ်နေလောက်ပြီ :P
      ညီလေ လာလည်သွားတယ် .. မျိုးခန့်..

      Delete

ဝေဖန်ချက်လေးရေးပေးပါ..