နင်ဝမ်းနည်းတဲ့ အခါ
ငါ့ကို သတိရပေးပါ
အရင်လို ပြုံပျော်စေဖို့ မဖြစ်နိုင်ရင်တောင်
တစ်ခဏလောက်တော့
နင့်ကို စိတ်ရွှင်လန်းအောင် လုပ်ပေးနိုင်မှာပါ
နင်ဆုံးရှုံးမှုတွေ များတဲ့ အခါ
ငါ့ကို သတိရပေးပါ
နင့်ပြိုင်ဘက်တွေကို အနိုင်ရဖို့မဖြစ်နိုင်ရင်တေ
ငါ့စီမှာတော့ နင့်ပဲ အနိုင်ယူစေခဲ့မှာပါ
နင် အောင်မြင်မှုတွေ ရတဲ့အခါ
ငါ့ကို သတိရပေးပါ
နင့်ရဲ့ အောင်မြင်မှုကောင်းသတင်း
ငါအသက်ရှိသ၍ ဖြန့်ဝေပေးမယ်
နင်ချစ်ရတဲ့ သူ တွေ့တဲ့အခါ
ငါ့ကိုသတိရပေးပါ
သူ..... ငါ့လောက် ဖြည့်ဆည်းခွင့်လွတ်နိုင်ခဲ့
ရင်နာပေမယ့် ...ငါ..
လက်ခုပ်တီးပြီး ပြုံးပြခဲ့ ပါ့မယ်....
No comments:
Post a Comment
ဝေဖန်ချက်လေးရေးပေးပါ..