စေတနာ တစ်ခုအတွက်
ဝေဒနာ ခရီးလည်းငါထွက်ခဲ့ ပြီ
်ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းအတွက်
နှုတ်ဆက် လက်ပိုက်
ခေါင်း ငိုက်စိုက်ကျအောင်
ဟိုး...အောက်ဆုံးထိ
ငါ ရောက်ဖူး ပါပြီ...
ဒါပေမယ့် မထူးသေးပါဘူး
အရူးတစ်ယောက်လိုပဲ
လိမ်ဖယ် လိမ်ဖယ်နဲ့
ငါရှေ့ ကိုဝိုးတ၀ါးနဲ့ လျှောက်နေရတယ်
လမ်းလည်း မပျောက်ဘူး
ခရီးလည်း မရောက်ဘူး
သစ္စာလည်း မဖောက်ဘူးပေါ့
တစ်ဦး တစ်ယောက်အတွက်
ငါ စွန့်စားခန်း ၀င်နေတာပါ
သိပ်ပံ နည်းကျလည်း မလိုသလို
ဟိတ် ဟန်တွေလည်း ငါ့မှာမရှိဘူး
ချစ်ခဲ့ တဲ့ အရင်းအမြစ်အတွက်
ဖြစ်ခဲ့ ပီးတဲ့ အတိတ်တွေက
ငါ့ အနာဂတ်မှာတော့
သင်ခန်းစာ ကောင်း တစ်ခုပါ
နောင်လာ နောက်သား ကြိုသိအောင်မပြောဘူး
ဘ၀ဆိုတာ ခါးမှ အဓိပါယ် ရှိတာ
ဘယ်လောက်ပဲ မှားမှား
တစ်ချိန်တစ်ခါမှာ မှန်လာလိမ့်မယ်
အခုငါလည်း ရခဲ့ဖူးတဲ့ ဒဏ်ရာတစ်ချို့ နဲ့
မှားခဲ့ ဖူးတဲ့ အမှားတစ်ချို့ ကို
ရေတွက် ချိန်ဆရင်း
ဘ၀ဆိုတာ ကြီးကို ဇိမ်ယူနေလိုက်ပြီ...။
ဝေဒနာ ခရီးလည်းငါထွက်ခဲ့ ပြီ
်ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းအတွက်
နှုတ်ဆက် လက်ပိုက်
ခေါင်း ငိုက်စိုက်ကျအောင်
ဟိုး...အောက်ဆုံးထိ
ငါ ရောက်ဖူး ပါပြီ...
ဒါပေမယ့် မထူးသေးပါဘူး
အရူးတစ်ယောက်လိုပဲ
လိမ်ဖယ် လိမ်ဖယ်နဲ့
ငါရှေ့ ကိုဝိုးတ၀ါးနဲ့ လျှောက်နေရတယ်
လမ်းလည်း မပျောက်ဘူး
ခရီးလည်း မရောက်ဘူး
သစ္စာလည်း မဖောက်ဘူးပေါ့
တစ်ဦး တစ်ယောက်အတွက်
ငါ စွန့်စားခန်း ၀င်နေတာပါ
သိပ်ပံ နည်းကျလည်း မလိုသလို
ဟိတ် ဟန်တွေလည်း ငါ့မှာမရှိဘူး
ချစ်ခဲ့ တဲ့ အရင်းအမြစ်အတွက်
ဖြစ်ခဲ့ ပီးတဲ့ အတိတ်တွေက
ငါ့ အနာဂတ်မှာတော့
သင်ခန်းစာ ကောင်း တစ်ခုပါ
နောင်လာ နောက်သား ကြိုသိအောင်မပြောဘူး
ဘ၀ဆိုတာ ခါးမှ အဓိပါယ် ရှိတာ
ဘယ်လောက်ပဲ မှားမှား
တစ်ချိန်တစ်ခါမှာ မှန်လာလိမ့်မယ်
အခုငါလည်း ရခဲ့ဖူးတဲ့ ဒဏ်ရာတစ်ချို့ နဲ့
မှားခဲ့ ဖူးတဲ့ အမှားတစ်ချို့ ကို
ရေတွက် ချိန်ဆရင်း
ဘ၀ဆိုတာ ကြီးကို ဇိမ်ယူနေလိုက်ပြီ...။
အလို...သူကဇိမ်တော်ယူနေလိုက်ပီတဲ့
ReplyDelete