Sunday, April 1, 2012

ကျရှုံးခြင်း လက်ကျန်..


သူစိမ်း တစ်ယောက်လိုပဲ
နှုတ်ခမ်း လှလှနဲ့ ကောင်မလေးတစ်ယောက်
အခုတော့ ဝေးကြပေါ့....
...
မယုံကြည်တဲ့ မျက်ဝန်းတစ်ချို့ နဲ့
နှလုံးသားကို ထိုးစိုက်စော်ကား
မလို သူတွေအားရအောင်
အဝေးကနေပဲ ကြို ရှည်ရှည်နဲ့ ချည်ထားခဲ့တယ်

ဘာသာမတူတဲ့ ပျက်ရယ်ခြင်းတစ်ခုနဲ့
မာနတွေ ရွှေရောင်တင်ထားတဲ့
စကားလုံး အသုံးအနှုန်းတွေက
အသည်း နင့်အောင် ချစ်ခဲ့ တဲ့
....ငါ့ ရင်ဘတ် ကို
လက်နက် မဲ့ ဖျက်ဆီး ပစ်ခဲ့တယ်...

ယုံကြည်လိုက်ပါ မျက်စောင်းတစ်ချက်ပင့်လို့
သူခိုးက လူကိုပြန်ဟစ်တဲ့ ပုံစံနဲ့
ကတုံး ပေါ် ထိပ်ကွက်ခံ ရတာ
သိပ်တော့လည်း မဆန်းတော့ဘူး

အရာရာကို ဒူးထောက်
ငါ့ ရဲ့ မာန ခတ်ခြင်း အတတ်ပညာတွေ
အခုတော့ ....
သူ့ အခြေစုံကို ဦးခိုက်
ငါ့ ခေါင်းတွေ ငိုက်စိုက်ကျ ခဲ့ ပြီ...
.....................
ငါ့ခေါင်းတွေ ငိုက်စိုက်ကျခဲ့ ပြီ..............။
See More

1 comment:

  1. နင့်ချစ်သူက နင်နဲ့ဘာသာခြားလားဟင်

    ReplyDelete

ဝေဖန်ချက်လေးရေးပေးပါ..