Saturday, April 14, 2012

သူငယ်ချင်း

သူငယ်ချင်း
တွေ့ ဆုံ ကြုံ မမြဲတဲ့
ဟော ဒီ လောက အလည်မှာ
မသိ နားမလည်တဲ့ အသိတွေနဲ့
ခင်မင် ရင်နှီး ဆုံခဲ့ရတယ်
မင်း ရယ် ငါရယ် ဆိုပီး အပေါင်းအသင်းတွေကြားမှာ
လက်ချင်းချိတ်လို့
စိတ်ချင်း လည်း ဆက်သွယ်ခဲ့ကြတယ်
တစ်ခဏတာ မှာတွေ့ပေမယ့်
တစ်ဘ၀စာ ခင်ဖို့ တစ်ယောက်နဲ့ တစ်ယောက်အလေးထား
နားလည် မှုတွေနဲ့ ပေါင်းသင်းကြတာပေါ့
အချိန်တန်ရင် ခွဲခွာ
ကိုယ် ဌာနေ ကိုပြန်လို့
တစ်ကိုင်းတည်းနားဖို့ မဖြစ်နိုင်တဲ့အချိန်မှာ
မင်းနဲ့ အတူပျော်ခဲ့တာတွေ အမှတ်ရလို့
သူငယ်ချင်းဆိုတာလေးကို ငါသတိရနေမှာ....
မဆုံတော့ ပေမယ့် လောကကြီးကို
ကြံ့ ကြံ့ ခိုင်အောင်လုပ်လို့
ကံ မကုန်သေး သ၍ မင်းကြိုးစားပါ
မင်းနိုး ထလိုက်တဲ့ မနက်ခင်းတိုင်းမှာ
ငါ မင်းအနားမှာ ရှိနေခဲ့ဖူးတယ်ဆိုတာ သတိရပါ
မင်းအတွက် အားအင်မဖြစ်နိုင်ရင်တောင်
တစ်ချိန်က ပျော်ခဲ့တာတွေ သတိရရင်
မင်း တစ်ခဏတော့ ပျော်ရွှင်ပါလိမ့်မယ်
................................
ကဲ ..... ချစ်ရသော သူငယ်ချင်းရယ်
ခွဲခွာ ခြင်းဆိုတဲ့ မှတ်တိုင်တစ်ခုနဲ့
လမ်းလွဲ ခဲ့တဲ့ ဘ၀တွေကိုပြုပြင်ရင်း
တိမ်ညို တိမ်မဲတွေ ကုန်ဆုံးပြီးတဲ့အချိန်မှာ
အရင်လိုပဲ ငါတို့တွေပျော်ပျော် ရွှင်ရွှင် ပြန်ဆုံကြတာပေါ့

1 comment:

  1. ကောင်းတယ်သူငယ်ချင်း ကျေးဇူးပါ

    ReplyDelete

ဝေဖန်ချက်လေးရေးပေးပါ..