Saturday, April 14, 2012

သူငယ်ချင်း

သူငယ်ချင်း
တွေ့ ဆုံ ကြုံ မမြဲတဲ့
ဟော ဒီ လောက အလည်မှာ
မသိ နားမလည်တဲ့ အသိတွေနဲ့
ခင်မင် ရင်နှီး ဆုံခဲ့ရတယ်
မင်း ရယ် ငါရယ် ဆိုပီး အပေါင်းအသင်းတွေကြားမှာ
လက်ချင်းချိတ်လို့
စိတ်ချင်း လည်း ဆက်သွယ်ခဲ့ကြတယ်
တစ်ခဏတာ မှာတွေ့ပေမယ့်
တစ်ဘ၀စာ ခင်ဖို့ တစ်ယောက်နဲ့ တစ်ယောက်အလေးထား
နားလည် မှုတွေနဲ့ ပေါင်းသင်းကြတာပေါ့
အချိန်တန်ရင် ခွဲခွာ
ကိုယ် ဌာနေ ကိုပြန်လို့
တစ်ကိုင်းတည်းနားဖို့ မဖြစ်နိုင်တဲ့အချိန်မှာ
မင်းနဲ့ အတူပျော်ခဲ့တာတွေ အမှတ်ရလို့
သူငယ်ချင်းဆိုတာလေးကို ငါသတိရနေမှာ....
မဆုံတော့ ပေမယ့် လောကကြီးကို
ကြံ့ ကြံ့ ခိုင်အောင်လုပ်လို့
ကံ မကုန်သေး သ၍ မင်းကြိုးစားပါ
မင်းနိုး ထလိုက်တဲ့ မနက်ခင်းတိုင်းမှာ
ငါ မင်းအနားမှာ ရှိနေခဲ့ဖူးတယ်ဆိုတာ သတိရပါ
မင်းအတွက် အားအင်မဖြစ်နိုင်ရင်တောင်
တစ်ချိန်က ပျော်ခဲ့တာတွေ သတိရရင်
မင်း တစ်ခဏတော့ ပျော်ရွှင်ပါလိမ့်မယ်
................................
ကဲ ..... ချစ်ရသော သူငယ်ချင်းရယ်
ခွဲခွာ ခြင်းဆိုတဲ့ မှတ်တိုင်တစ်ခုနဲ့
လမ်းလွဲ ခဲ့တဲ့ ဘ၀တွေကိုပြုပြင်ရင်း
တိမ်ညို တိမ်မဲတွေ ကုန်ဆုံးပြီးတဲ့အချိန်မှာ
အရင်လိုပဲ ငါတို့တွေပျော်ပျော် ရွှင်ရွှင် ပြန်ဆုံကြတာပေါ့

Sunday, April 1, 2012

နားလည်ပါ ချစ်သူ..

ခဏ ခဏ မေးနေတာ
မယုံလို့ မှ မဟုတ်တာ
ချစ်လွန်းလို့ သ၀န်တိုမိတာ
စိတ်ထားသေးသိမ်တယ် မထင်လိုက်ပါနဲ့

အွန်လိုင်းတက်တိုင်း စကားပြောချင်ပေမယ့်
နင် အားမှ အားရဲ့ လားမသိလို့
ငါ မပြောခဲ့တာ နင့်ကို မချစ်လို့မှ မဟုတ်တာ

စကားပြောရင် တင်းတင်းမာမာပြောတာ
မာန ကြီးလို့ မှ မဟုတ်တာ
ငါ့ကို အလေးမထားပဲ အချစ်တွေလျော့သွားမှာစိုးလို့

တစ်နေ့တစ်ခါ တွေ့လည်း
နင် နေကောင်း ရဲ့ လား မေးတာ
မသိလို့ မှ မဟုတ်တာ
နင် တကယ်ဖြစ်ခဲ့ ရင် ငါနှစ်သိမ့်ပေးဖို့ ပါ

ညစာ စားပီးလား မေးတာ
ငါ ကြွေးလို့မရ မှန်းသိပေမယ့်
အလမ်းကွာဝေးနေတဲ့ နင့်ကို
အားပေး ဖော် တစ်ယောက်လိုဖြစ်အောင်
ငါ........ နေပေးခဲ့ ချင်တာပါ
နှောက်ယှက်တယ် မထင် ပါနဲ့

သူငယ်ချင်းတွေ နဲ့ နောက်လို့
ငါ ၀မ်းနည်းတဲ့ အခါ
နင့် ကိုငြို ငြင်လို့ မှ မဟုတ်တာ
နင် ပစ်ပယ်မှာစိုးရိမ်း လွန်းလို့ ပါ...

နောက်တစ်ယောက်ရနေပီလားမေးချင်ပေမယ့်
နင်ကို့ မယုံကြည်မှုဖြစ်မှာစိုးလို့
ငါ..မမေးရက်ခဲ့တာ နင့်ကို ဂရုမစိုက်တာ မဟုတ်ပါဘူး

နားလည်ပေး နိုင်မလား
ဒါတွေ အားလုံး နင့်ကိုချစ်လို့ ပါ

အပင်လှဖို့ အရွက်ကြွေရင်းနဲ့......

ပိုင်ဆိုင်မှုမဲ့တဲ့လက်တစ်စုံ
နှလုံးသားတွေကတဒုန်းဒုန်းခုန်လို့........
ဗြုန်းခနဲ့ဆို မင်းကငါ့အနားရောက်လာချိန်
တောင်ပံမရှိတဲ့ရွက်ဝါလေးက
အပင်လှဖို့ မြေခလို့သွားတယ်။
ဝမ်းနည်းမှုတွေနဲ့ ငိုကြွေးနေချိန်
တောင်လေညှင်းတွေနဲ့အတူ
သင်းပျံ့တဲ့မွှေးရနံ့တွေနဲ့
ငါနိုးထခဲ့တယ်။
မျက်လုံးတွေကို ပွတ်သတ်ဖွင့်ကြည့်တော့
အဆုံးမဲ့တဲ့ ရေပြင်ကြီးထဲ
တစ်ယောက်ထည်း ငါ့မှာအားငယ်နေချိန်
နှလုံးသားပိုင်ရှင်လေးရေ
မင်းကတော့ ငါ့ကိုလျှစ်လျှူရှူပြီး
အမြင့်ဆုံးဆိုတဲ့နေရာကိုတောင် တက်သွားခဲ့ပြီနော်.........

ချစ်သူ လက်ဆောင်


ချစ်သူရေ....
..လိုအင် ဆန္ဒ တစ်လုံးတစ်ဝနဲ့
.........နှလုံးလည်း ဆွေး
..............အရှုံးလည်း ပေးပြီး
မမုန်းပဲ ချစ်နေ ပါ့မယ်....။

ရင်ခုန်သံ စစ်
.....အမုန်လည်း တိတ်ဖို့
.........ငါ့ အချစ် ဘိတ်သိတ်ပွဲကို
္က္ကဤကမ္ဘာမြေပေါ်မှာ
မင်းအတွက် ....ငါ ကျင်းပပေးခဲ့ မယ်...။

အဝေးတစ်မြေက ဆွေးနေရလည်း
.....အသည်း ကိုပေးလို့
..........မခွဲ အတူနေရအောင်
မြတ်ဘုရား ရှေ့ မှာ
................တောင်းဆုပြုနေ ပါ့မယ်...။

ယုံကြည်ရာ ဘ၀တစ်ကွေ့
......ဆုံဆည်းရာ ခဏတွေ့လို့
............မေ့မရ ဘဲ အသဲနင့်အောင်
.................နင့်ကို ချစ်နေခဲ့မယ်...။

လို ချင်ရင် ခိုင်း
..........မလိုချင်ရင် သူစိမ်းတစ်ယောက်လို နှိုင်းလည်း
...............တုနှိုင်းမဲ့ ငါ့အချစ်တွေက
မကုန်ခန်းပဲ ရင်ခွဲလို့ချစ်နေမှာ....။

အရှုံး ဂုဏ်ပုဒ်ကို ဆောင်
....အလင်းရောင် မပေးနိုင်တဲ့
.........ငါ့ အချစ်ရဲ့ နေ၀င်ချိန်မှာ
တိုးတိုး တိတ်တိတ် နဲ့
....နှုတ်မဆက်ပဲ
...........ငါ့ ရင်ခွင်ကနေ ထွက်ခွာသွားလိုက်ပါ...။

ငါသေသွား တဲ့ နောက်
ငါ့ အုတ်ဂူ ဖြူဖြူရှေ့ မှာ
နင့် ရဲ့ ကြင်နာခြင်း ပန်းစည်းလေး လာပို့ခဲ့ရင်ပဲ
...ငါ့ အချစ်တွေ တမလွန်မှာ
.........နင့် အတွက် လက်ဆောင်ထားပါ့မယ် ချစ်သူ....။

နေတက်ရင် ကျေနပ်စရာ

စေတနာ တစ်ခုအတွက်
ဝေဒနာ ခရီးလည်းငါထွက်ခဲ့ ပြီ
်ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းအတွက်
နှုတ်ဆက် လက်ပိုက်
ခေါင်း ငိုက်စိုက်ကျအောင်
ဟိုး...အောက်ဆုံးထိ
ငါ ရောက်ဖူး ပါပြီ...
ဒါပေမယ့် မထူးသေးပါဘူး
အရူးတစ်ယောက်လိုပဲ
လိမ်ဖယ် လိမ်ဖယ်နဲ့
ငါရှေ့ ကိုဝိုးတ၀ါးနဲ့ လျှောက်နေရတယ်
လမ်းလည်း မပျောက်ဘူး
ခရီးလည်း မရောက်ဘူး
သစ္စာလည်း မဖောက်ဘူးပေါ့
တစ်ဦး တစ်ယောက်အတွက်
ငါ စွန့်စားခန်း ၀င်နေတာပါ
သိပ်ပံ နည်းကျလည်း မလိုသလို
ဟိတ် ဟန်တွေလည်း ငါ့မှာမရှိဘူး
ချစ်ခဲ့ တဲ့ အရင်းအမြစ်အတွက်
ဖြစ်ခဲ့ ပီးတဲ့ အတိတ်တွေက
ငါ့ အနာဂတ်မှာတော့
သင်ခန်းစာ ကောင်း တစ်ခုပါ
နောင်လာ နောက်သား ကြိုသိအောင်မပြောဘူး
ဘ၀ဆိုတာ ခါးမှ အဓိပါယ် ရှိတာ
ဘယ်လောက်ပဲ မှားမှား
တစ်ချိန်တစ်ခါမှာ မှန်လာလိမ့်မယ်
အခုငါလည်း ရခဲ့ဖူးတဲ့ ဒဏ်ရာတစ်ချို့ နဲ့
မှားခဲ့ ဖူးတဲ့ အမှားတစ်ချို့ ကို
ရေတွက် ချိန်ဆရင်း
ဘ၀ဆိုတာ ကြီးကို ဇိမ်ယူနေလိုက်ပြီ...။

အရင်လို


နင်ဝမ်းနည်းတဲ့ အခါ
ငါ့ကို သတိရပေးပါ
အရင်လို ပြုံပျော်စေဖို့ မဖြစ်နိုင်ရင်တောင်
တစ်ခဏလောက်တော့
နင့်ကို စိတ်ရွှင်လန်းအောင် လုပ်ပေးနိုင်မှာပါ

နင်ဆုံးရှုံးမှုတွေ များတဲ့ အခါ
ငါ့ကို သတိရပေးပါ
နင့်ပြိုင်ဘက်တွေကို အနိုင်ရဖို့မဖြစ်နိုင်ရင်တောင်
ငါ့စီမှာတော့ နင့်ပဲ အနိုင်ယူစေခဲ့မှာပါ

နင် အောင်မြင်မှုတွေ ရတဲ့အခါ
ငါ့ကို သတိရပေးပါ
နင့်ရဲ့ အောင်မြင်မှုကောင်းသတင်း
ငါအသက်ရှိသ၍ ဖြန့်ဝေပေးမယ်

နင်ချစ်ရတဲ့ သူ တွေ့တဲ့အခါ
ငါ့ကိုသတိရပေးပါ
သူ..... ငါ့လောက် ဖြည့်ဆည်းခွင့်လွတ်နိုင်ခဲ့မယ်ဆိုရင်
ရင်နာပေမယ့် ...ငါ..
လက်ခုပ်တီးပြီး ပြုံးပြခဲ့ ပါ့မယ်....

ကျရှုံးခြင်း လက်ကျန်..


သူစိမ်း တစ်ယောက်လိုပဲ
နှုတ်ခမ်း လှလှနဲ့ ကောင်မလေးတစ်ယောက်
အခုတော့ ဝေးကြပေါ့....
...
မယုံကြည်တဲ့ မျက်ဝန်းတစ်ချို့ နဲ့
နှလုံးသားကို ထိုးစိုက်စော်ကား
မလို သူတွေအားရအောင်
အဝေးကနေပဲ ကြို ရှည်ရှည်နဲ့ ချည်ထားခဲ့တယ်

ဘာသာမတူတဲ့ ပျက်ရယ်ခြင်းတစ်ခုနဲ့
မာနတွေ ရွှေရောင်တင်ထားတဲ့
စကားလုံး အသုံးအနှုန်းတွေက
အသည်း နင့်အောင် ချစ်ခဲ့ တဲ့
....ငါ့ ရင်ဘတ် ကို
လက်နက် မဲ့ ဖျက်ဆီး ပစ်ခဲ့တယ်...

ယုံကြည်လိုက်ပါ မျက်စောင်းတစ်ချက်ပင့်လို့
သူခိုးက လူကိုပြန်ဟစ်တဲ့ ပုံစံနဲ့
ကတုံး ပေါ် ထိပ်ကွက်ခံ ရတာ
သိပ်တော့လည်း မဆန်းတော့ဘူး

အရာရာကို ဒူးထောက်
ငါ့ ရဲ့ မာန ခတ်ခြင်း အတတ်ပညာတွေ
အခုတော့ ....
သူ့ အခြေစုံကို ဦးခိုက်
ငါ့ ခေါင်းတွေ ငိုက်စိုက်ကျ ခဲ့ ပြီ...
.....................
ငါ့ခေါင်းတွေ ငိုက်စိုက်ကျခဲ့ ပြီ..............။
See More